TwentyFOUR °3°

1.8K 230 32
                                    


"ကိုယ်​ တို့ လက်​ထပ်​ကြတာ​ပေါ့ ... Kim Jongin ..."

ကျ​တော်​ အဲ့စကား​ပြောလိုက်​​ရော ...

ထို Kim Jongin ဆိုတဲ့​ကောင်​​လေးထံမှ ...

hak ... ဆိုသည့်​ ... ရွဲ့တဲ့တဲ့အသံ​လေးထွက်​လာ​လေသည်​ ...

ပြီးမှ ... လှည့်​​နေ​သော ဝိုင်​ခွက်​ကို ချလာပြီး ... မက်​တပ်​ထရပ်​လာကာ ... သူ့ပုခုံး​ပေါ်မှာရှိတဲ့ ... ကျ​တော်​လက်​ကို ... ပုတ်​ချလိုက်​သည်​​လေ ...

အ​ကြောတင်း ... Kim Jongin ဟု စိတ်​ထဲက​နေ ... ​ပြောမိသည်​မှာ ... အကြိမ်​ကြိမ်​ ...

ကျ​တော်​နဲ့ ... မျက်​နှာချင်းဆိုင်​လှည့်​လာ​တော့ ... မျက်​နှာနှစ်​ခုက ... သိပ်​မကွာ​တော့သည့်​အကွာအ​ဝေး ...

သူ့နှုတ်​ခမ်း ထူထူလုံး​လေးက ... ကျ​တော်​ကိုရွဲ့တဲ့တဲ့​ပြောလာမည့်​ ... စကားများထွက်​ကျလာမယ့်​ ... အချိန်​ကို​စောင့်​​နေလိုက်​သည်​ ...

"ဒီမှာ ... ခင်​ဗျားကို ​အေး​အေး​ဆေး​ဆေး​လေးနဲ့ ... ​ပြောရင်​နားလည်​မယ့်​ ... လူလို့ထင်​ထားတာ ..."

"•••••"

"ခု​တော့ ... အထင်​နဲ့အမြင်​ ... တစ်​ခြားစီပါလား ... "

ဝိုင်​​အနည်းငယ်​​သောက်​ထား​သော​ကြောင့်​ ... နှုတ်​ခမ်း​လေးကပို၍စိုရဲ​နေကာ ... မသိမသာ​ထော်​လာရင်း ...

"ဒီ​လောက်​ တစ်​ဖက်​သူက လက်​မခံပါဘူး ဆိုတာကို ... ခင်​ဗျား ဒီ​လောက်​ ဖြစ်​​နေရင်​ တစ်​ခြားသူနဲ့ သွားထပ်​လိုက်​ပါ ...
တစ်​ကိုယ်​တည်း ... လက်​ထပ်​လိုက်​ပါလား ... ဘုရား​ကျောင်းမှာ ...

ငါက​တော့ စိတ်​မဝင်​စားဘူး ... ခင်​ဗျားနဲ့ လက်​ထပ်​မှာကို ...

ဒီလို ... ​ခေါက်​ရိုးကျိုး​နေသလိုပုံစံမျိုးနဲ့ ... ​တွေ့ဆုံမှု အမည်​ခံပွဲ​တွေက ... ငါ့အတွက်​​တော့ ပျင်းစရာပဲ ... ငါ့ဘဝကို ငါလွတ်​လွတ်​လပ်​လပ်​နဲ့ပဲဆုံးဖြတ်​ချက်​တယ်​ ... ဒါ​ကြောင့်​ ... "

ပြောပြီး ... လှည့်​ထွက်​​တော့မယ့်​ ... ​ကောင်​​​လေးရဲ့ ... လက်​ကိုဖမ်းဆွဲထားလိုက်​သည်​ ...

TwentyFOUR {SeKai}Donde viven las historias. Descúbrelo ahora