TwentyFOUR °9°

2K 232 20
                                    


တိတ်​ဆိတ်​​နေတဲ့ ... မနက်​စာစားပွဲ​လေးပြီး​နောက်​ ... နာရီကိုတစ်​ချက်​ကြည့်​လိုက်​​တော့ ... ရုံးကိုသွားရမည့်​အချိန်​​ရောက်​​နေ​လေပြီ ...

အဲ့​ကြောင့်​ ... အ​ခြေအ​နေကို အကဲခတ်​​တော့ ... ထိုမျက်​စိ​ရှေ့က​ကောင်​​လေးသည်​ ... ငြိမ်​သက်​မြဲ ...

ဒါနဲ့ပဲ ... ​ချောင်းဟန့်​သံလိုအသံ​ပေးလိုက်​ပြီး​နောက်​ ...

"အဟန့်​ ... အဟမ်း ..."

အကြည့်​များ ... ကိုယ့်​စီ​ရောက်​လာ​လေသည်​ ...

"ငါ ... ကုမ္ပဏီသွား​တော့မယ်​ ..."

ပြောပြီး ... ထလာလိုက်​​တော့ ... အ​နောက်​က​နေလိုက်​လာ​သော ... ​ခြေသံ​လေးကြားလိုက်​ရသည်​​လေ ...

လှည့်​ကြည့်​လိုက်​​တော့ ... ခပ်​တည်​တည်​နဲ့ ... ကိုယ့်​အားပြန်​စိုက်​ကြည့်​​နေ​သော သူ ...

မေးတချက်​​ငေါ့ပြလိုက်​​တော့ ...

သောက်​က​လေး​လေးကလည်း ... လက်​ပိုက်​လျက်​ ... ကိုယ့်​အား​မေးပြန်​​ငေါ့ပြ​လေသည်​ ...

သောက်​​ကြောတင်းလေး ...

"ဘာလိုက်​လုပ်​တာလဲ ..."

"ငါလည်းပြန်​မို့​လေ ..."

ကိုယ့်​လည်း ... ညစ်​ချင်​လာသည်​နှင့်​ ...

"ပြန်​​ပေါ့ ... ဒါဆိုလည်း ... ကိုယ့်​သွားပြီ ... babe ..."

သောက်​ ... babe ...

"ခင်​ဗျား ...!!!..."

"ဘာလဲ ..."

"ကျ ... ကျ​တော်​က ဘာနဲ့ပြန်​ရမှာလဲ ..."

"ဟာ ... မင်းဟာမင်း ပြန်​မှာမဟုတ်​ဘူးလား ..."

"ခင်​ဗျားကြီး ... အဲ့ဆို ခုချက်​ချင်း ကား​သော့​ပေးလိုက်​​လေ ... အဲ့ဆို ခုလို​လေကုန်​ခံပြီး​ပြောမ​နေ​တော့ဘူး ..."

"​အောင်​မယ်​ ... ဘာကိစ္စ ငါကားကို​ပေးလိုက်​ရမှာလဲ ..."

"ဒါဆိုလည်း ... လိုက်​​ပို့​ပေါ့ ... ဥစ္စာရူးကြီးရဲ့ ..."

နည်းနည်းမှကိုအ​ကြောတင်​မခံ​သော ... Jonginသည်​ ... ကိုယ့်​အား ... ပုခုံးစွန်းကိုတိုက်​သွားကာဖြင့်​ ... ကိုယ့်​ဖွင့်​ထား​သောကား​ပေါ်သို့ ... ​ကျော့​ကျော့​လေးဝင်​ထိုင်​သွား​လေရဲ့ ...

TwentyFOUR {SeKai}Where stories live. Discover now