မကြာခင်မှာဘဲ ဝေ့လော်တို့ရထားလုံးဟာ ဟုကော်ဘုရားကျောင်းသို့ ဆိုက်ရောက်လာခဲ့သည်။ မဒမ်'သူ'သည် ဝေ့လော်အား ကြီးကျယ်ခမ်းနားလှသော အခန်းတွင်းသို့ ခေါ်ဆောင်ကာ ဆီမီးပူဇော်စေပြီး ဘုရားအား ဦးချခိုင်းလေသည်။မဒမ်'သူ'သည် စိတ်ထဲတွင် စိုးရိမ်မှုများဖြင့်ကြီးစိုးနေသော်လည်း အပြင်တွင်မူ သရုပ်ဆောင်မပျက်။ ဘုရားကျောင်းမှပြန်ထွက်လာချိန်တွင် ဝေ့လော်သည် ရထားလုံးနားတွင်စောင့်နေသော အထိန်းတော်ယဲ့ထံသွားကာ
" အထိန်းတော်ယဲ့ အားလော်သိပ်နေလို့မကောင်းဘူး"
အထိန်းတော်ယဲ့လဲ ကြောက်အားလန့်အားဖြင့် ဆောင့်ကြောင့်ထိုင်လိုက်ကာ ဝေ့လော်တစ်ကိုယ်လုံးကို စစ်ဆေးနေမိသည်။
"သခင်မလေး ဘယ်နေရာက နေလို့မကောင်းတာလဲ။ သခင်မလေးနေမကောင်းသက်သာသွားပြီမဟုတ်ဘူးလား။ မဟုတ်မှလွဲရော အအေးပြန်မိသွားတာလား။"
အထိန်းတော်ယဲ့သည် အသက်သုံးဆယ်ကျော်ကျော်ပင် ရှိသေးကာ သာမာန်မျက်နှာမျိုးဖြစ်မျိုးဖြစ်သော်လည်း အခြားမိန်းမများထက် ပို၍စိတ်သဘောကောင်းလေသည်။ အထိန်းတော်ယဲ့အား ဝေ့လော်၏အမေ ကျန်းမြောင်လန်မှ ဝေ့ခွန်အား လက်ထပ်သည့်အချိန်တုန်းက ခေါ်ယူလာခဲ့ခြင်းဖြစ်ပြီး ဝေ့လော်အမေမရှိတော့သည့်အချိန်တွင် အထိန်းတော်ယဲ့မှာ အားလော်အား သူ့သမီးအရင်းတစ်ယောက်ပမာ ပြုစုစောင့်ရှောက်ခဲ့လေသည်။ အခုလည်း ဝေ့လော် နေမကောင်းသည်ဟုကြားတော့ အထိန်းတော်ယဲ့တစ်ယောက် စိတ်မကောင်းပေ။
အမှန်တော့အားလော်ဟာ တကယ်နေမကောင်းသည်မဟုတ်။ အထိန်းတော်ယဲ့နှင့် ရထားလုံးတစ်စီးထဲအတူတူ စီးချင်၍သာ ထိုကဲ့သို့ ချွဲနေခြင်းဖြစ်သည်။ နောက်ဆုံးတွင် မဒမ်'သူ'လည်း မတတ်နိုင်သည့်အဆုံး ဝေ့လေည်အား အထိန်းတော်ယဲ့နှင့် အတူတူစီးရန် ခွင့်ပြုပေးပြီး တောင်ပေါ်မှပြန်ဆင်းလာခဲ့သည်။
အထိန်းတော်ယဲ့၏ရထားလုံးအတွင်းသို့ရောက်တော့မှ အားလော် ငြိမ်သွားလေသည်။ အထိန်းတော်ယဲ့၏ ခါးကိုဖက်ကာ " အထိန်းတော်ယဲ့ အားလော်ကို မထားခဲ့နဲ့နော်။ အားလော်ကို တစ်ယောက်ထဲပစ်မထားခဲ့ဖူးမလား။"
أنت تقرأ
ဘုရင့်အချစ်တော် မိဖုရား(Myanmar Translation)
أدب تاريخيအရင်ဘဝမှာတုန်းက သူမဟာ ရိုးသားပြီးအပြစ်ကင်းစင်တဲ့ ကောင်မလေးတစ်ယောက်ပေါ့။ အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်းမှာတော့ သူမဟာအပြင်ပန်းမှာတော့ ဖြူစင်ပေမဲ့ သူမရဲ့အတွင်းစိတ်ဟာ အရင်လိုမဟုတ်တော့ပါဘူး။ သူမရဲ့စိတ်ထားကို ရိပ်မိတဲ့လူတိုင်းဟာ သူမကိုကြောက်ကြ...