Chapter 8 - Meeting him (4)

4.3K 519 12
                                    







မြင့်မားလှသောသစ်ပင်ပေါ်မှ ခုန်ချလိုက်သော်လဲ ဒဏ်ရာတစ်ချက်ပင် မရသော ထိုသူအား အနီးရှိလူများမှ အံ့သြစွာလှမ်းကြည့်နေလေသည်။ ထိုသူမှာ ဝေ့လော်ထံသို့ တစ်ဖြည်းဖြည်းချဉ်းကပ်လာသည်ကို မြင်သဖြင့် အထိန်းတော်ယဲ့မှာ ဝေ့လော်အားတင်းကျပ်စွာဖက်တွယ်ကာ

"မင်းကဘယ်သူလဲ။"

ဝေ့လော်မှာ မျက်နှာဖုံးဆိုင်တွင်ဖြစ်ခဲ့သော အဖြစ်အပျက်တို့အား အထိန်းတော်ယဲ့ကို ပြန်မပြောရသေးသဖြင့် ထိုသူမှာ ကျောင်ကျဲ၏ သက်တော်စောင့်တစ်ယောက်ဆိုသည်ကို အထိန်းတော်ယဲ့မသိ။

သို့သော်ကျူကန်းကတော့ အဖြစ်အပျက်အကုန်လုံးကို မြင်တွေ့ခဲ့လေသည်။ သူ ဟုကော်ဘုရားကျောင်းထိလမ်းတစ်လျှောက်လုံး ရထားလုံးနောက်မှလိုက်ကာ ကလေးမလေးအား သင်ခန်းစာပေးရန် အခွင့်အလမ်းရှာနေခဲ့သည်။ သူ့အပြုအမူမှာ သဘောထားကျဉ်းမြောင်းသည့်ပုံမျိုးဖြစ်နေပါစေ သူဂရုမစိုက်။ သေချာတာကတော့ ဒီဉာဏ်နီဉာဏ်နက်များလွန်းတဲ့ ကလေးမလေးကိုတော့ ဒီအတိုင်းလွှတ်မပေးနိုင်။ ပြီးတော့သခင်လေး၏ခန္ဓာကိုယ်မှာ အဖိုးတန်ရတနာတစ်ခုပင်မဟုတ်လား။ သခင်လေးဒီလို အနိုင်ကျင့်ခံရတာကို လွယ်လွယ်နဲ့တော့မလွှတ်ပေးနိုင်။ ဒါပေမဲ့ ဒီလိုအံ့သြစရာကောင်းတဲ့ အဖြစ်အပျက်မျိုးကို မြင်တွေ့ခဲ့ရလိမ့်မယ်လို့ သူမထင်မှတ်ခဲ့။

သစ်သားအိမ်လေးထဲတွင် တိုင်ပင်နေကြသော မဒမ်'သူ'နှင့် ထိုလင်မယားနှစ်ယောက်လုံး၏ စကားများကို သူကြားခဲ့ရသည်။ ပုံမှန်ဆို ဒီကလေးမလေးမှာ သာမာန် ကလေးတစ်ယောက်သာသာပင်။ သို့သော် သူ့အားလူကုံကူးသူများထံ ရောင်းစားရန်ကြိုးပမ်းနေသော ဒီလိုရက်စက်တတ်တဲ့ မိထွေးတစ်ယောက် ထိုကလေးမှာလေးမှာရှိနေခဲ့သည်။ လက်ထပ်ပြီးတဲ့မိန်းမတစ်ယောက်ရဲ့ နှလုံးသားဟာ အရက်စက်တတ်ဆုံးတဲ့။ ထိုစကားပုံမှာ တကယ်အမှန်ပင်။

ထိုကလေးမလေးအစား သနားစိတ်ဝင်မိသော်လဲ ကျုကန်းတစ်ယောက် ကူညီရန်ဆန္ဒမရှိ။ ဘေးမှာပင် ထိုအဖြစ်အပျက်တို့အား သူစောင့်ကြည့်နေလေခဲ့သည်။ သို့သော် ဒီကလေးမလေးမှာ လူများအားတကယ်ပင် အံ့သြမှင်သက်စေခဲ့သည်။ ထိုကလေးမလေးမှာ ချွန်ထက်သည့်ဆံထိုးအားကိုင်ကာ သူတစ်ပါး၏မျက်နှာအား စိုက်လိုက်ရာတွင် မျက်တောင်တစ်ချက်ပင်မခတ်ခဲ့။ ကျုကန်းတစ်ယောက် ထိုအဖြစ်အပျက်တို့အား သစ်ပင်ပေါ်တွင် ထိုင်ကာ စိတ်ဝင်တစားကြည့်နေခဲ့သည်။ နောက်ဆုံးတွင် မနေနိုင်တော့သဖြင့် သစ်ပင်ပေါ်မှဆင်းကာ ထိုလူစုရှိရာသို့ ဦးတည်သွားလေသည်။

ဘုရင့်အချစ်တော် မိဖုရား(Myanmar Translation)Donde viven las historias. Descúbrelo ahora