Chapter 9 - Meeting him (5)

4.5K 528 10
                                    




ကျုကန်း ထိုကလေးမလေးအား အမတ်ယင်းအိမ်တော်သို့ပို့ဆောင်ပြီးနောက် ပြန်လှည့်လာခဲ့သည်။ ဝေ့လော်မှာ အမတ်ယင်းအိမ်တော်၏သခင်မလေးတစ်ယောက်ဖြစ်လိမ့်မည်ဟု သူမထင်ခဲ့။ အလွန်ဆုံးချမ်းသာတဲ့မိသားစုတစ်ခုရဲ့ သခင်မလေးတစ်ယောက်ဖြစ်လိမ့်မည်ဟု ထင်ခဲ့တာ။

အမတ်ယင်းအိမ်တော်သည် နန်းတွင်း၌ အကြီးပိုင်းများထဲတွင် သူ၏ဖြောင့်မတ်မှန်ကန်မှုတို့ကြောင့် ဂုဏ်သတင်းကျော်ကြားလေသည်။ ပြဿနာများအားဖြေရှင်းရာတွင်လည်း စေ့စပ်စွာ စီိစစ်ခွဲဖြာပြီးမှဆုံးဖြတ်တတ်သည်ဟု ကြားရသော်လည်း ယခုကိစ္စအားကြည့်ခြင်းအားဖြင့် ထိုသတင်းများမှာ ကောလဟာလများသာဖြစ်လိမ့်မည်ဟု ကျုကန်းယူဆလေသည်။ သူ၏မြေးအား မိထွေးမှ အကောက်ကြံကာ လူကုန်ကူးသူများထံရောင်စားတော့မည်ကိုပင် မသိရအောင် အိမ်ထောင်မှုမနိုင်နင်းသူက နန်းတွင်းရေးရာတွေဖြစ်တဲ့ ကိစ္စအကြီးအမားများအား ဖြေရှင်းနိုင်ပါ့မလား။

ကျူကန်း ကျင်းနန်းတော်သို့ပြန်ရောက်သည်နှင့် သခင်လေးမှသူ့အား ခေါ်နေသည်ဟု ကြားသဖြင့် သခင်လေးရှိရာ အနောက်စာကြည့်ဆောင်ဆီသို့ သွားလိုက်လေသည်။ ကျောင်ကျဲမှာ အနက်ရောင်တည်သီးပုံဖော်ထားသော အဖြူရောင် ဝတ်ရုံအားဝတ်ဆင်ကာ စာကြည့်စားပွဲခုံအနောက်တွင် ထိုင်လျက်ခေါင်းငုံ့ထားလျက်ရှိသည်။ စာကြည့်နေခြင်းမဟုတ်ဘဲ ရွှေရောင်အဆင်းရှိသော သစ်ခွပန်းတစ်မျိုးစိုက်ထားသည့် ပန်းအိုးအား ကြည့်နေခြင်းဖြစ်သည်။ ထိုပန်းမှာ အလွန်ရှားပါးသော သစ်ခွမျိုးစိတ်တစ်မျိုးဖြစ်ကာ ဒီမနက်ကပင် နန်းတွင်းသမားတော်ချန်းယုန်မှ လာပို့ထားခြင်းဖြစ်လေသည်။ ထိုပန်းအား ရရန်အတွက် ချန်းယုန်မှာ ငွေအများအပြားသုံးကာ မြောက်ပိုင်းပြည်နယ်မှ ခက်ခက်ခဲခဲရယူခဲ့ရလေသည်။ ထိုကဲ့သို့သော သစ်ခွပန်းမျိုးမှာ အလွန်ဂရုတစိုက်ဖြင့် အချိန်ကုန်ခံကာ ပြုစုရသော်လည်း ကျောင်ကျဲမမှု။

ကျောင်ကျဲတစ်ယောက် သစ်ခွပန်းများအားစိတ်ဝင်စားသည်ကို နန်းတွင်းရှိလူတိုင်း သိလေသည်။ ထိုကြောင့်လဲ သစ်ခွမျိုးစိတ်တစ်မျိုးရှာတွေ့ပြီဆိုတာနဲ့ မရရအောင် ယူကာ ကျောင်ကျဲအား လာပေးလေ့ရှိကာ ကျောင်ကျဲ၏အသိအမှတ်ပြုချင်းကို လိုချင်ကြလေသည်။

ဘုရင့်အချစ်တော် မိဖုရား(Myanmar Translation)حيث تعيش القصص. اكتشف الآن