ဗီလိန်
ကိုယ်ပိုင်တဲ့ ပစ္စည်း
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထိန်းသိမ်းတာ
ဗီလိန်ဖြစ်လေသလား
ကိုယ်ဟာ မင်းကိုတစ်ကြိမ်တစ်ခါမျှ စွန့်မပစ်ခဲ့မင်းပေးတဲ့ကတိ တစ်ပိုင်းတစ်စ(ထာဝရဆိုတာ)နဲ့
ကိုယ်ဟာ မိုင်ပေါင်း 1,318ကို အစိမ်းသက်သက်ဝါးမျိုတယ်
ကိုယ့်စိတ္တဇညတွေမှာ မင်းလက်ဖဝါးနွေးနွေး
ရှိရုံတင် အိပ်ဆေးမလိုဘူး'ချစ်တယ်'လို့ နှုတ်ကမဖွင့်ဟရုံနဲ့
ကိုယ့်အချစ်ကိုမစစ်ဘူးထင်ရင် မင်းမှားတာပေါ့
ချစ်ခြင်းဟာ တဖွဖွပြောနေစရာမဟုတ်ဘူးမင်းအပြုံးတွေကို ကိုယ်ဖန်တီးမယ်
မင်းအမုန်းတွေကို ကိုယ်ချေဖျက်မယ်
တခြားသူတစ်ယောက်ကို မင်းငေးကြည့်တဲ့အခါ
မင်းမျက်လုံးတွေ ဖောက်ပစ်အုံးမယ်
(ကိုယ်ဟာဗီလိန်)ပထမလူကို တတိယလူဖြစ်အောင်လုပ်တယ်
ကျင့်ဝတ်တွေ ဝတ္တရားတွေနဲ့ ခြိမ်းခြောက်တယ်
မင်းသိပ်ရက်စက်တယ်ကြောက်ချင်ဟန်ဆောင်တယ် ယုန်သူငယ်ပုံဖမ်းပြီး ကိုယ့်အသည်းကို ခွဲယူ မီးမြိုက်တယ်
မင်းဖြစ်နေယုံတင် အရာရာဟာ ခွင့်လွှတ်စရာပါဘဲနှလုံးသားဟာ ဦးနှောက်ကို မလွန်ဆန်နိုင်မှန်း
အစောကြီးထဲကမင်းသိသင့်တယ်
မာယာနဲ့ အလိမ်အညာကြား
ကိုယ့်ကိုသိက္ခာမဲ့စေတယ်
ကိုယ့်အရာရာရဲ့ အကြောင်းအရင်းခံဟာ
မင်းဆိုတာကိုမေ့ထားလေသလားကိုယ်ကဗီလိန်ဆို
မင်းကဗီလိန်ထက်ပိုရက်စက်တယ်
မာနတရားနဲ့ အကြောက်တရားကြား
လှောင်ပိတ်နေတဲ့ ကိုယ့်ချစ်ခြင်းတွေကို
မင်းဟာ ဘုရားသခင်ရှေ့
သူစိမ်းမိန်းမတစ်ယောက်အပေါ်
ကတိကဝတ်တွေပေးခြင်းနဲ့ လက်စားချေတယ်ကိုယ်ပိုင်တဲ့ ပစ္စည်း
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထိန်းသိမ်းတာ
ဗီလိန်ဖြစ်လေသလား
ကိုယ်ဟာ မင်းကိုတစ်ကြိမ်တစ်ခါမျှ စွန့်မပစ်ခဲ့-ဧ-
❤❤❤❤❤
Zam_ZA
သူငယ်ချင်းလေးရေးပေးတဲ့ လက်ဆောင်ပါ
လက်ဆောင်ကိုအရမ်းကြိုက်တယ်လို့....
ကျေးဇူး...အူးမွ....ချစ်တယ်...အဇင်ရေ..
YOU ARE READING
သို့.....ချစ်သောဗီလိန်...[ Completed ]
Fanfictionမာနတရားနှင့် စတင်ကာ ကြမ်းတမ်းခက်ထန်မှုအတိနှင့်ပြီးသော ဗီလိန်တစ်ယောက်ရဲ့ အချစ်....