2 years later ........
၂ နှစ်......အင်း..... ၂နှစ်ဆိုတဲ့အချိန်က
အရာရာပြောင်းလဲစေခဲ့ပြီ......တစ်ချိန်ကသူ.......
ကျွန်မ ရဲ့ အသည်းအသက် အရှင်သခင်...
သူ့အပေါ်ထားတဲ့
ကျွန်မခံစားချက်သည်လည်း....
ပြောင်းလဲခဲ့ပြီ......နိုင်ငံတကာကို လှည့်ပတ်ခရီးသွားရင်းက
စိတ်ကို ဖြည်းဖြည်းချင်း ကုစားခဲ့သည်မို့...
အခုချိန်မှာ....သူ့အကြောင်းတွေးမိလည်း..
မနာကျင်ရတော့.....သူ့ကိုမချစ်တော့ဘူးလားမေးရင်တော့
ချစ်တယ် လို့သာ ဖြေချင်တယ်....သို့သော်.....ဖြူ စင်စွာ....
ပိုင်ဆိုင်လိုစိတ်ကင်းစွာ....
သန့်ရှင်းစွာ.....Seoul မှာရှိတဲ့ သူငယ်ချင်းတွေပြောပုံအရ
သူ ပေကျင်းမှာ သွားနေသည်ဟုသိရသည်
သူချစ်တဲ့ Luhan နဲ့အတူတူပေါ့.....ဒါတွေ....ကျွန်မသိရတော့....
မဆီမဆိုင်ဝမ်းသာမိသေးသည်....
သူပျော်နေတာ သိရသည်မို့.....ကျွန်မသူ့ကို တစ်ခဏလေးတောင်
မမုန်းခဲ့ပါ .....
Luhan ကိုလည်း မမုန်းတော့ပါ.....ကျွန်မကိုယ်ချင်းစာပါသည်.....
လူတိုင်းဟာ.....
ချစ်ရသူနဲ့သာ...
နေချင်ကြသည်မဟုတ်ပါလား....စစထွက်သွားတုန်းက....
နာကျင်ခဲ့ရပေမယ့်....
တစ်နိုင်ငံပြီး....
တစ်နိုင်ငံ သွားနေတာကြောင့်ရယ်.....
သူငယ်ချင်းတွေရဲ့....
ဂရုစိုက်နှစ်သိမ့်မှုရယ်ကြောင့်.....
နာကျင်ချိန်သိပ်မရလိုက်.....ကိုယ်ချောင်မှာကပ်နေပြီဆိုတာနဲ့.....
လာစလိုက်နောက်လိုက်နဲ့လုပ်နေတာမို့....
သူတို့ကို ရန်ပြန်လုပ်နေရတာနဲ့တင်...
နာကျင်မှုတွေက.....ပျောက်မလိုပင်....ဟန်ဆောင်ပြုံးရင်းပင်.....
ထိုအပြုံးက ပီပြင်လာတာလည်းဖြစ်သည်....U.S က ကျွန်မမိဘတွေက....
Hun နဲ့ ကွာရှင်းတဲ့ကိစ္စကို.....
သိပ်သဘောမကျပေမယ့်......
ကျွန်မရဲ့စိတ်ဆန္ဒကိုသာ ဦးစားပေးခဲ့သည်..
VOCÊ ESTÁ LENDO
သို့.....ချစ်သောဗီလိန်...[ Completed ]
Fanficမာနတရားနှင့် စတင်ကာ ကြမ်းတမ်းခက်ထန်မှုအတိနှင့်ပြီးသော ဗီလိန်တစ်ယောက်ရဲ့ အချစ်....