Coffee ဆိုင်တစ်ဆိုင်ရဲ့
ချောင်ကျကျတစ်ခုံမှာ.....မျက်နှာချင်းဆိုင်ထိုင်လျက်......
အကြည့်ချင်းစစ်ခင်းနေသူနှစ်ယောက်.....
လူကျဲနေသော coffee ဆိုင်က
သူတို့အတွက် အဆင်ပြေဆုံး...
စစ်မြေပြင်....."အဲ့ဒီတော့.....မင်းဘာသိချင်တာလဲ....."
Coffee ခွက်ထဲက ဇွန်းကို မွှေလျက်
သူမဆီ မကြည့်ဘဲ......
Coffee ခွက်ဆီသာ
အာရုံစိုက်ထားလိုက်သည်......."အဟက်....."
ရုတ်တရက်ရယ်သံကြောင့်....
Coffee ခွက်ကို မွှေနေသော လက်များ
ရပ်တန့်သွား၍ သူမအား
မျက်လုံးပင့်ကာကြည့်မိသည်......ဒီမိန်းမ ရယ်သံကိုက....ရွံစရာ.....
"ဘာမှ မသိချင်ပါဘူး...
ကျွန်မ ပြောချင်တာက
ရှင်....ကျွန်မ ခင်ပွန်းကို
ကပ်တွယ်နေတာတွေ ရပ်တန့်ဖို့......""ခင်ပွန်း....."
Sehun ကသူ့အပိုင်ဆိုတာကို...
လာကြေညာနေတာ.....
ဒီမိန်းမ စကားလုံးရွေးတတ်သားပဲ....."ဟားဟားဟား
မင်းကိုယ်မင်းသိပ်အထင်ကြီးတာပဲ.......
ခင်ပွန်း တဲ့......
မကြာခင်
အဲ့စကားလုံးသုံးခွင့်ရှိတော့မှာမဟုတ်ဘူး....
ခုတည်းက အ၀သုံးထား....."ကျနော် ပြောလိုက်တော့....
သူမပြုံးသွားပြန်ပါပြီ.....မင်းအပြုံးတွေက
ငါသောက်နေတဲ့ Coffee ထက် ခါးတယ်..."ရှင်က ယောက်ျားတန်မယ့်.....
သူများခင်ပွန်းကို လုယူချင်နေတာပဲ ...."ဒီတစ်ခါ ပြုံးလိုက်သည်က ကျနော်.....
"အိုး...မင်းဒီလိုမသုံးသင့်ဘူး...
လုယူတာမဟုတ်ဘူး....
ပိုင်ရှင်မို့လို့ သူပိုင်တာပြန်ယူတဲ့သဘောပါ"သူမမျက်နှာ တစ်ချက်ပျက်သွားသော်လည်း
ချက်ချင်းပြန်ထိန်းသည်....
မင်းဘယ်ဆိုးလို့လဲ....
ငါ့ပြိုင်ဘက်ပီသတယ်.......
ESTÁS LEYENDO
သို့.....ချစ်သောဗီလိန်...[ Completed ]
Fanficမာနတရားနှင့် စတင်ကာ ကြမ်းတမ်းခက်ထန်မှုအတိနှင့်ပြီးသော ဗီလိန်တစ်ယောက်ရဲ့ အချစ်....