အပိုင်း(၇)မွေးနေ့ပွဲ

1.6K 256 5
                                    

ချူ ယောင် တို့သားအမိရန်မရှိတော့မှ အန်ရန် စိတ်တွေ
တစ်ဖန် ရွှင်လန်းလာတယ်

ထမင်းစားခန်းထဲမှာတော့ အန်ရန် တို့အပြင် ဖိုးဖိုးရဲ့
မွေးနေ့ကို ဂုဏ်ပြုပေးဖို့အတွက် တခြားအမျိုးတွေလဲ
ရောက်နေကြတယ်

" အန်ရန် ဖိုးဖိုးကတော့ သမီးကို 'လု' အုပ်စုမှာ အလုပ်
ဝင်လုပ်စေချင်တယ်။ သမီးသဘောကရော?"

" အဖိုးကလည်း သူကအလယ်တန်းတောင် မအောင်သေး
တဲ့ဟာကို ဘာလို့လဲ "

ဝင်ပြောလိုက်တဲ့သူကတော့ အန်ရန် ရဲ့တစ်ဝမ်းကွဲအစ်မ
လုကျင်အန် ရဲ့သမီး လုအန်ရှင်

" အန်ရန် ဒီဟင်းပွဲကိုမြည်းလိုက် ပြီးရင် ဘာကြောင့်လဲ
ဆိုတာ ပြောပြလိုက် "

အန်ရန် ဖိုးဖိုးညွန်ပြတဲ့ဟင်းကို ကြည့်လိုက်တော့
အသားဟင်း။

ငါ အသားကနေခံစားရတာက သွေးပဲရှိတယ်။

" ဖိုးဖိုး သမီးက ဖေဖေ အန္တရာယ်ကင်းကင်းနဲ့
ပြန်လာအောင် သက်သက်လွတ်ပဲစားဖို့ ကျမ်းကျိန်ထားတာ"

" ဒါဆိုရင်လည်း ဒီဟင်းကိုမြည်း
ငါ့အထင်တော့ နင်ကငါတို့ရဲ့စားဖိုမှူးထက် တော်လိမ့်မယ်လို့ မထင်ဘူး "

အန်ရှင် ပြောတဲ့ဟင်းက အရွက်ကြော်မို့ အန်ရန် စိတ်အေး
သွားတယ် ။
အန်ရန် ဂေါ်ဖီစမ်းတဖတ်ကို တူနဲ့ညှပ်ယူပြီးစားလိုက်တယ်

" အမ်း...ပြောရမယ်ဆိုရင် နုပ်နုပ်စဉ်းထားတဲ့ကြက်သွန်ဖြူ
ကို ထမင်းစားဇွန်းနဲ့နှစ်ဇွန်း ကြက်သားမှုန့် တဇွန်းခွဲလောက် ခရုဆီ တစ်ဇွန်း ပြီးတော့ ဆားလေး
နည်းနည်းလောက် ထပ်ထည့်ရင် ပိုကောင်းမှာ။
ဆီရဲ့အပူချိန်နဲ့ ချက်တဲ့အချိန်ကလည်းကောင်းပါတယ်
ဒါပေမဲ့ မိနစ်နည်းနည်းလောက် ထပ်ချက်လိုက်ရင်
အရသာ ပိုကောင်းသွားမှာ "

အန်ရန် ရှင်းပြတာကိုကြားတော့ အန်ရှင် နည်းနည်းအံသြ
သွားတယ်။

" အန်ရန် သမီးရဲ့အထက်တန်းဝင်ခွင့်စာမေးပွဲပြီးသွားရင်
အဖိုးကိုယ်တိုင် 'လု' အိမ်ရဲ့ဟင်းချက်နည်းတွေကို
သင်ပေးမယ် "

I will show you what the real revenge is[Myanmar Translation]Where stories live. Discover now