အပိုင်း(၈)အမှန်တရား

1.6K 246 2
                                    

အန်းရန လည်း သူ့အဖိုးရဲ့ကြေညာချက်ကို ဂရုတစိုက်နားထောင်လိုက်တယ်။

" အားလုံးသိကြတဲ့အတိုင်း 'လောင်' အုပ်စုရဲ့ဈေးဝယ်
စင်တာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ရုံးခွဲ အမှတ် (၁၀၀)ကို
လာမယ့်မတ်လထဲမှာ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်
ကျွန်တော်ကတော့ 'လု' အုပ်စုရဲ့ ဆိုင်ခွဲဖွင့်ပွဲအခမ်းအနား
ကို ကျွန်တော်ရဲ့မြေးမလေးဖြစ်တဲ့ လုအန်ရန် ကို တာဝန်
ပေးဖို့ဆုံးဖြတ်ပြီးပါပြီ။ အန်းရန်
အဖိုးတို့မှာ အခွင့်အရေးကတစ်ကြိမ်ပဲ ရှိတယ်
နော် "

" ဟုတ်ကဲ့ပါ သမီးနားလည်ပါတယ် "

အဖိုးရဲ့စကားအဆုံးမှာ ပေါ်ထွက်လာတဲ့ လက်ခုပ်သံတွေ
ကြောင့် အန်းရန် အနည်းငယ်စိတ်အေးသွားတယ်။

လုအန်းရန် ...ခွေးမ.!
ငါနဲ့ အန်းဟွေ့ ပိုင်တဲ့ဟာတွေကို နင်ကလာလာထိပါးနေရလား။

အန်းရှင်း တကယ့်ကို ဒေါသထွက်သည်။ အဖိုးက လုအန်းရန် ဆိုတဲ့ဟာလေးကို အရမ်းပသားပေးလွန်းသည်။

" အန်းရှင်း "

" ဖေဖေ! "

" စိတ်လျှော့ သမီး။ သမီးသာ သခင်လေး လောင် ကို
လက်ထပ်ပြီး မစ္စ လောင် ဖြစ်သွားရင် 'လောင်' အုပ်စုက
သမီးအပိုင်ပဲ။ အဲ့ဒါဆိုရင် ဒီဆိုင်ခွဲက ပမွှားသာသာပဲ။ "

အန်းရှင်း သူ့အဖေရဲ့စကားကြောင့် ကိုယ့်ကိုကိုယ်
ယုံကြည်ချက်ပိုရှိလာသလို ခံစားလိုက်ရတယ်။

" အင်းပါ ဖေဖေရဲ့ သမီးနဲ့ သခင်လေး လောင် က
ဆက်ဆံရေးအဆင်ပြေပါတယ် "

ဒီနေ့ ငါက လွဲပြီး သူဘယ်မိန်းကလေးနဲ့မှ စကားမပြောဘူး။အဲ့တာ ကောင်းတဲ့အချက်ပဲ။

အန်းရှင်း အောက်ထပ်က ပြုံးပျော်နေတဲ့ လုအန်းရန် ကို
တချက်ကြည့်လိုက်တယ်။

အဲ့ကောင်မရဲ့သရုပ်မှန်ကို သခင်လေး လောင် သိအောင်
ပြရမယ်။

_______________

အဖိုးရဲ့မွေးနေ့ပွဲကြီးလည်း ကောင်းကောင်းပြီးဆုံးသွား
ခဲ့တယ်။ နောက်တနေ့မှာပဲ အန်းရန် နဲ့မေမေလည်
'လု' အိမ်ကြီးကို ပြောင်းလာလိုက်တယ်။

I will show you what the real revenge is[Myanmar Translation]Where stories live. Discover now