အပိုင်း(၅)ကပ်ပါးကောင်

1.6K 259 1
                                    

မစ္စတာ လင် လဲသူ့ခြေထောက်အကန်ခံရတဲ့အတွက်
မှောက်ရက်လဲသွားတယ်
ကန်တဲ့သူကို မော့ကြည့်လိုက်တော့ ကောင်မလေးတယောက်ကို တွေ့လိုက်ရတယ်

" 'လု' အုပ်စုရဲ့ လုံခြုံရေးတွေကရော ဘယ်ရောက်နေတာ
လဲ? 'လု' ကုမ္ပဏီရှေ့မှာ ဒီလိုနှောင့်ယှက်နေတာ
ဘယ်သူမှ မတွေ့ကြဘူးလား။

မစ္စတာ လင် သိလိုက်ပြီ။ ဒီကောင်မလေးက ချီရူ ရဲ့သမီး
ဆိုတာ။ ပန်းစည်းကို ပြန်ကောက်ပြီး မတ်တပ်ရပ်လိုက်တယ်

" မဟုတ်ဘူး မဟုတ်ဘူး အန်ရန် လေး နားလည်မှုလွဲနေတာ။ ဦးလေးက သမီးအမေကို ပိုးပန်း
နေတာ ။ ညစာတူတူစားရအောင် ပြီးရင် အခန်းတစ်ခန်း
ယူပြီး..."

" ဘာ! ဒီလိုအရှက်မရှိတဲ့ဟာကြီး "

" အား... "

အန်ရန် အဲ့တဏှာရူးရဲ့ချက်ကောင်းကို အားပြင်းပြင်းနဲ့
ကန်ပေးလိုက်တယ်။

" မေမေ သူ့ကို ပစ်ထားလိုက်။သွားရအောင် "

အန်ရန် ကားပေါ်ရောက်တော့မှ မေမေကို အကျိုးအကြောင်းမေးကြည့်လိုက်တယ်

" မေမေ အဲ့လူကြီး မေမေကို ဘယ်အချိန်ထဲက နှောင့်ယှက်နေတာလဲ? "

" ပြီးခဲ့တဲ့ အဂါင်္နေ့လောက်ကဖြစ်မယ် "

အန်ရန် လည်းဒေါသထွက်သွားတယ်

" မေမေက 'လု' အုပ်စုရဲ့ သခင်မလေ ။
လုံခြုံရေးတွေကရော မျက်စိကန်းနေကြတာလား
အဲ့အရူးနှောင့်ယှက်နေတာကို လက်ပိုက်ကြည့်နေရလား "

" သမီးရဲ့ဦးလေးက ဒီကိစ္စက နောက်ကွယ်ကလူပဲ။
သူတို့ ဘာမှမလုပ်နိုင်ဘူး"

ဖေဖေပျောက်သွားပြီးကတည်းက မေမေနဲ့ငါက ငါတို့ဘာသာနေခဲ့ကြတာ။ ဖိုးဖိုးရဲ့ကာကွယ်မှုမရှိရင်
သူတို့ ငါတို့အပေါ် လေးစားမှုမရှိကြဘူး

အန်ရန် အရေးကြီးတဲ့ဆုံးဖြတ်ချက်ချလိုက်တယ်

"မေမေ သမီးတို့ 'လု' အိမ်ကြီးကိုပြန်သွားပြီး ဖိုးဖိုးနဲ့တူတူ
နေရအောင် "

" ဟမ်? ဘာလို့လဲ? သမီးက ဖိုးဖိုးကို မကြိုက်ဘူးလို့
ထင်နေတာ "

I will show you what the real revenge is[Myanmar Translation]Donde viven las historias. Descúbrelo ahora