အချစ်ဆိုတာ ဘာပါ ညာပါ ဆိုပြီ ကျွန်တော် အဓိပ္ပာယ် ဖွင့်ဆို ပြောမပြတတ်ပါဘူး...
ကျွန်တော်အတွက်တော့
စိုထွေးထွေး သူ့နှုတ်ခမ်းပါးလေးက စတင်ပြီး ကြယ်တွေလို တစ်လတ်လတ်တောက်ပနေတဲ့ မျက်ဝန်းလေးတွေမှာ အဆုံးသတ်တဲ့ ရင်ထဲက လှိုက်လှဲတဲ့အပြုံးတွေထဲပဲ နစ်မြုပ်ပစ်ချင်တာမျိုး.....သူ့ရဲ့ နှစ်လိုဖွယ် ခပ်သြသြအသံလေးထဲ အဆုံးစွန်းထိ ပျော်ဝင်ပစ်ချင်တာမျိုး.....
လှပတဲ့ ဂီတသံဇဉ်တွေကို ဖမ်းတီးတဲ့ သူ့ရဲလက်ချောင်းလေးတွေကို ငေးမောရင်း အဆုံးထိ ရူးသွပ်ပစ်ချင်တာမျိုး.....
ကျွန်တော့်ရဲ့ သူ့ကို ချစ်တာထပ်ပိုချစ်ပါတယ် ♥
❣❣❣
YOU ARE READING
Silent Feelings
Non-Fictionဖန်သားပြင်ပေါ်က သူ့ရယ်သံ ချိုချိုလေးတွေထဲပဲ ကျွန်တော်တစ်ဘဝလုံး နစ်မြုပ်ပစ်ချင်တော့တယ်။