ပတ်ဝန်းကျင်က လူတစ်ချို့က မင်းကိုချစ်တဲ့ ကိုယ့်ချစ်ခြင်းကို လှောင်ရယ်ကြတယ် ကဲ့ရဲ့ကြတယ်
ကိုယ်ရင်တွေနာလိုက်တာ...
မတန်ဘူး...သူတို့ပါးစပ်က မင်းအပေါ်ထားတဲ့ကိုယ့် အချစ်တွေကို ဒီလိုလှောင်ရယ်ဖို့. ပြစ်တင်ကဲ့ရဲ့ဖို့ မတန်ဘူးလေနော်...
ပြောလိုက်ချင်တယ် ခင်ဗျားတို့ ပါးစပ်က အဲ့လိုတွေပြောဖို့ ကျုပ်အချစ်တွေက အပေါစားဆန်မနေဘူးဆိုတာ....
"ရူးရင်လဲထမင်းလွှတ်ရူးစမ်းပါဟယ်" တဲ့ သူတိုပြောသလို ကိုယ်က မင်းကို ရူးလို့ချစ်တာမှမဟုတ်တာ ချစ်လွန်းလို့ ရူးသွားတယ်ဆိုတဲ့အကြောင်း သောက်ရေးမပါတဲ့ ပတ်ဝန်းကျင် ကလူတွေကို ပြောပြဖို့ ကိုယ်မကြိုးစားမိတော့...
တစ်ယောက်တစ်လေတောင် အသိအမှတ်မပြုတဲ့ မင်းကိုချစ်တဲ့ ကိုယ့်အချစ်က သူတို့မထင်ထားလောက်အောင် နက်ရှိုင်းတယ်ဆိုတာ ဘယ်သူတစ်ဦးတစ်ယောက်မှမသိရင်တောင် မင်းတစ်ယောက်ကတော့ဖြင့် အသိအမှတ်ပြုပေးမယ်မလား..?
❣❣❣
YOU ARE READING
Silent Feelings
Non-Fictionဖန်သားပြင်ပေါ်က သူ့ရယ်သံ ချိုချိုလေးတွေထဲပဲ ကျွန်တော်တစ်ဘဝလုံး နစ်မြုပ်ပစ်ချင်တော့တယ်။