အချစ်က လူတစ်ယောက်ကို ဘယ်အတိုင်းအတာထိ ရူးသွပ်စေနိုင်ပါသလဲ?
ကျွန်တော်ကတော့ ခင်ဗျားနှုတ်ခမ်းနဲ့ ထိတွေ့သွားတဲ့ အဲ့ဒီ Americano တစ်ခွက်ကို သဝန်တွေတိုနေမိတော့တာပဲ။ခင်ဗျားနဲ့စပြီး ခင်ဗျားနဲ့ဆုံးတဲ့ နွံတွေထဲ က
ရုန်းထွက်နိုင်ဖို့ ခက်ခဲလွန်းတယ်။
ရုန်းလေးနစ်လေး ထပ်ပြီးရုန်းလေး ထပ်ပြီးနစ်လေးပဲ။အရာရာကို ခင်ဗျားလို့ တွေးလိုက်တဲ့အခါ
လေတိုက်လို့သစ်ရွက်ကလေးလှုပ်တာကအစ ခင်ဗျားကျွန်တော့်ကို ပြုံးပြနေတဲ့လို့ပဲ မြင်မိလာတယ်။ကျွန်တော့်အနားမှာ ခင်ဗျားမရှိလဲ ရှိနေပါတယ်ဆိုတဲ့ စိတ်ကို နှလုံးသွင်းထားရတယ်။
ရူးသွားရင်တောင် ခင်ဗျားစိတ်နဲ့ပဲ ရူးချင်ခဲ့တာပါ...
❣❣❣
YOU ARE READING
Silent Feelings
Non-Fictionဖန်သားပြင်ပေါ်က သူ့ရယ်သံ ချိုချိုလေးတွေထဲပဲ ကျွန်တော်တစ်ဘဝလုံး နစ်မြုပ်ပစ်ချင်တော့တယ်။