သို့...

22 6 0
                                    

အလွမ်းတွေနဲ့ တိုက်ရိုက်အချိုးကျတဲ့ တမ်းတခြင်းတွေပါ ခင်ဗျားရေ့..
ခပ်ဝေးဝေးက ခေါ်သံတွေကိုကြားတဲ့အခါ တစ်ချက်တော့ လှည့်ကြည့်ပေးပါ...
ခင်ဗျားရှိရာကို မှန်းစပြီး အသံတွေနစ်ဝင်တဲ့အထိ ခင်ဗျားနာမည်ကို အော်ခေါ်နေတဲ့ ကျွန်တော်ရှိနေတယ်ဆိုတာ သိစေချင်ရုံလေး....

ခပ်ဆွေးဆွေး သီချင်းတစ်ပုဒ်ကို တိုးတိုးလေးလိုက်ညည်းမိတော့..
ပါးချိုင့်လေးတစ်ဖက် နစ်ဝင်အောင်ပြုံးနေတဲ့ ခင်ဗျားပုံရိပ်က အတွေးတွေထဲ အစီအရီပေါ်လာတဲ့အခါ
မဖိတ်ခေါ်ပဲကျလာတဲ့ ဒီမျက်ရည်တွေကို သုတ်ပစ်လိုက်ဖို့ အင်းအားတွေ မရှိတော့ဘူး...ခင်ဗျားမသိတဲ့ ဒီတမ်းတခြင်းတွေနဲ့ ကျွန်တော့်တစ်ဖက်သတ် ကြေကွဲရခြင်းမှာ ကျွန်တော်က မျက်လုံးတွေဖောင်းအစ်တဲ့အထိ ငိုနေရုံကလွဲ.....


❣❣❣

Silent Feelings Where stories live. Discover now