သူမ နဲ့ ကျွန်မEp 01
" သလင်းရေ သလင်း ထတော့"
မေမေ့အော်သံကြားမှ အိပ်ပျော်နေသောကျွန်မလန့်နိုးသွားပြီး
ညကမေမေပြောထားတဲ့ကိစ္စကိုမှတ်မိတော့တယ်
"သလင်း ဒီနေ့ပဲခူးကမင်္ဂလာဆောင်ကိုသွားရမယ်လေ ညထဲကကြိုပြောထားတာ ခုထိအိပ်ရာကမထ ဘာမှလည်းမပြင်ဆင်
ဘယ်လိုမိန်းကလေးလဲ"မေမေ့ပါးစပ်မှစက်သေနတ်ပစ်သလိုပြောမဆုံးနိုင်
"မေမေကလည်း သလင်းမသွားချင်ပါဘူး "
"မသွားလို့မရဘူး သလင်း"
"လူတွေကများကများနဲ့ မသွားချင်ပါဘူးဆို"
"မိသလင်း ညည်းကိုလူတောတိုးခိုင်းနေတာ သွားရမယ်"
ဒါမျိုးက သွားခါနီးလာခါနီးတိုင်း မေမေနဲ့ကျွန်မဖြစ်နေကျပြဿနာ
ဘယ်လိုမှငြင်းမရတဲ့အဆုံး အိပ်ရာမှထပြီးသွားဖို့လာဖို့ပြင်ဆင်ရတော့သည်။
မေမေပြောလည်း ပြောချင်စရာ သလင်းဖြူဆိုသောကျွန်မသည် လူအများကြားသွားရမယ်ဆို ဂဂျိုးဂဂျောင်နဲ့မသွားဖြစ်တာများသည် အခုတော့မရတော့ သွားကိုသွားရမယ်"မိသလင်း ရေချိုးတာဒီနေ့ပြီးပါအုံးမလား " မေမေအော်လိုက်မှ ရေချိုး
ရင်းစဉ်းစားခန်းဝင်နေသော ကျွန်မအသဲအသန်ရေချိုးလိုက်ရသည်။အလှပြင်တာတစ်ခုက သလင်းအတွက်အချိန်မကုန် ကုသိုလ်ကံကောင်း
တယ်ပြောရမလား သလင်းက အသားဖြူ အရပ်ရှည်ပြီး မျက်တောင်တို
စိပ်စိပ်နဲ့ မျက်ဝန်းတွေကဆွဲဆောင်မှုရှိသည်ဟု သူငယ်ချင်းတွေကပြော
ဖူးသည်။ဂျင်းဘောင်းဘီရှည်နဲ့ အကျီ င်္လက်ရှည်ဝတ်လိုက်ရုံနဲ့ ကြည့်ပျော်ရှုပျော်
ဖြစ်သွားပြီ"မေမေ သလင်းသွားတော့မယ် " ဧည့်ခန်းထဲကမေမေ့ကိုနှုတ်ဆက်ပြီး
သွားဖို့ကားဆီအသွား "မေမေ ကားဘယ်ရောက်သွားတာလဲ""ကား ဝက်ရှော့ ပို့ထားရတယ်လေ မိသလင်းတို့များအမှတ်တမဲ့နေ အမှတ်တမဲ့စား busပဲစီးသွား"
"မေမေကလည်း ညောင်လေးပင်နဲ့ ပဲခူးကအဝေးကြီးကို"
"မိသလင်းးးးးးး"
"သွားပြီ မေမေ တာတာ့"
ကားဂိတ်နဲ့အိမ်နဲ့နီးတာဒီတစ်ခါတော့ကျေးဇူးတင်မိတယ်မြတ်ရတနာကားလာတာနဲ့ အဲ့ကားပေါ်ပဲတက်လိုက်ပြီး
"အမယ် ခုံအလွတ်တွေများပါလား "ပြောပြောဆိုဆို ပြတင်းပေါက်နား
ကခုံမှာဝင်ထိုင်လိုက်သည် ။ မသွားချင်ပါဘူးဆို သူ့အသိမင်္ဂလာဆောင်
ကိုသွားခိုင်းတယ် ဒီတိုင်းကပျင်းစရာပါ သီချင်းနားထောင်အုံးမှ
နားကြပ်တပ်ပြီး သီချင်းနားထောင်မည်အလုပ်"ဒီမှာ ဒီမှာ ဟိုတစ်ယောက်..." ကျွန်မဘေးနားလာပြီးပြောလိုက်တဲ့ကောင်မလေးတစ်ယောက်
"ဟင် ဘယ်သူ့ကိုခေါ်တာလဲ"
"ဒီနားမှာ ဘယ်သူရှိလို့လဲ ရှင့်ကိုခေါ်တာ"
"အော် အင်း အင်း"
"ရှင့်ဘေးကခုံလူရှိလား မရှိရင်ထိုင်ချင်လို့"
"လူရှိရင် ထိုင်နေတာတွေ့မှာပေါ့"စကားအရစ်ရှည်နေသောကောင်မလေးအား
ဘုဂလန့်ပြန်ပြောလိုက်သည်။
ငတိမကလည်း ခေသူမဟုတ် "အဲ့ဒါဆို ပြီးတာပဲလေ ထိုင်ပြီ"ဆိုပြီး
အနားလာဝင်ထိုင်ခါမှ ကောင်မလေးကိုသေချာကြည့်မိတယ် ပုံစံက
တက္ကသိုလ်ကျောင်းသူ ပုံစံ ဆံပင်ရှည်ကို ခပ်မြောက်မြောက်လေးစီးထား
ပြီး ချည်ဝမ်းဆက်ဝတ်ထားတော့ကြည့်ရတာရိုးရိုးယဉ်ယဉ်ဖြစ်နေသည်။
အသားကလည်း ဝါဖန့်ဖန့်လေး ဖြူတာလည်းမဟုတ် မျက်ဝန်းဝိုင်းဝိုင်းက မျက်တောင်ရှည်ကော့ကော့တွေ နှုတ်ခမ်းပါးကရဲရဲ တော်တော်လှ
တဲ့ကောင်မလေးဟု စိတ်ထဲကအသိအမှတ်ပြုမိသည်။ခွန်း အနားဝင်ထိုင်ပြီးစိတ်ထဲ၌ 'ငါက မပြောမဆိုဝင်ထိုင်ရင်လည်းရိုင်း
တယ်ဖြစ်အုံးမယ် ရုပ်ကလည်းအချေရုပ် ပါးစပ်ကိုတင်းတင်းစေ့ပြီး
မျက်မှောင့်ကလည်း ကြုတ်ထားသေးဒီတိုင်းလေးဆိုရုပ်ကမဆိုးဘူး
စကားပြောတဲ့လေသံကလည်းမာလိုက်တာ' ပြောရင်း အနားကသူမ
အား မျက်စောင်းပါထိုးလိုက်မိသည်။ဒိုက်ဦးမြို့ထမင်းဆိုင်ကားခဏရပ်တော့ ထမင်းစားအုံးမှပဲဆိုပြီး
သလင်းကအထ "ဟာ ဘယ်လိုလုပ်..."
YOU ARE READING
သူမ နဲ့ ကျွန်မ
Romance"အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာအလစ်ဝင်လာတာမျိုး" သလင်းဖြူ "ချစ်တာကချစ်တာ ကြိုက်တာနဲ့မတူဘူး" မြူခွန်းချို