ဟုတ်ပါသည် သလင်းလက်က လက်ပတ်နဲ့
ကောင်မလေးလက်က ဟန်းချိန်းနဲ့ဘယ်အချိန်
ထဲကဘယ်လိုညိနေသည်မသိ သလင်းထလိုက်မှ သိလိုက်ရခြင်း
မသိရင် သူမနဲ့ကျွန်မက သိပ်ကိုချစ်တဲ့ချစ်သူတွေလို တစ်ယောက်
လက် တစ်ယောက်ဆွဲ၍ခွန်း ညာဘက်လက်မြောက်တက်သွားပြီးတအံ့တသြဖြစ်နေစဉ်ဘယ်လို
ဖြစ်တာလဲဟု မော့အကြည့်ကိုယ့်လိုအကြည့်နဲ့ကြည့်နေသောဘေးနား
ကအမကိုတွေ့လိုက်ရသည်။ဘေးကကြည့်ရင်နှစ်ယောက်သားလက်တွဲထားသလို ခွန်းညာဘက်
လက်နဲ့သူမ ဘယ်လက်က ချိတ်လျက်သားခွန်းကညိနေတာကိုဖြုတ်ဖို့လက်အလှမ်း ပူနွေးသွားရာသူမ လက်ကခွန်း
လက်ကိုအုပ်မိုးထားသလို ထိုစဉ်ရပ်ထားသောကားမှနောက်ပြန်ဆုတ်ပြီး
ဘရိတ်အုပ်လိုက်ရာ
" ခွပ် " "အား"
ကျွန်မတို့နှစ်ယောက်ခေါင်းချင်းပါတိုက်မိပြီး ကပြောင်းကပြန်ထိုင်ခုံပေါ်
ကအောက်ကိုပါကျသွားသည် ။ကားဘရိတ်အုပ်လိုက်တော့ မတ်တပ်ရပ်နေသောသလင်းကယိုင်သွားပြီး
ထိုင်နေသောကောင်မလေးခေါင်းနဲ့ဘယ်လိုကဘယ်လိုစောင့်မိ၍ပြုတ်ကျမိသည်မသိဆက်တိုက်ဆိုသလိုမြန်ဆန်လွန်းသောအဖြစ်အပျက်တွေကြောင့်
ကြောင်အအပါဖြစ်သွားသည်။"ဟို ညီမလေးနှစ်ယောက်ဆင်းမှာလား အဲ့လိုပဲနေခဲ့မှာလား"ကားစပါယ်ရာ အော်လိုက်မှသတိပြန်ဝင်သွားရာ
အခြေအနေကတော်တော့်ကိုဆိုးရွားနေပြီး သလင်းရင်ခွင်ထဲခွန်းက
ရောက်နေပုံ သလင်းကပြန်ဖတ်ထားသည်မှာလည်းတကယ့်ကိုကြင်
ကြင်နာနာ သလင်းတွေးလိုက်မိသည်သွားခါနီးက ဘုရားမရှစ်ခိုးခဲ့
တာကြောင့်များလားကားထဲကလူအများဝိုင်းကြည့်နေသောကြောင့် ရှက်သွားပြီး
"ထတော့လေ နာနေပြီ" သလင်းဆီကစောင့်စောင့်အောင့်အောင့်ထွက်လာရာ" လွှတ်လေ လွှတ်ပေးမှထလို့ရမှာပေါ့ " ခွန်းပြောပြီးမျက်စောင်းပါထိုး
လိုက်သည်။ သူကပဲဖက်ထားပြီး ဘယ်လိုလုပ်ထလို့ရမလဲ သူကပဲရှက်
တော်မူနေရသေး ဒီကရှက်ဖို့တောင်မထားဘူးတကယ်ပါပဲပြောမှပဲလွှတ်တော့သည် ကားပေါ်မှာလည်းဘယ်သူမှမရှိကျ
တော့ စားသောက်ဆိုင်တွေဆီရောက်ကုန်ပြီ။
"ညီမလေးတို့နှစ်ယောက် လာလေ ဘာစားမလဲ" ဆိုင်က
ဧည့်ကြိုခေါ်ပြီးနေရာချပေးတာနဲ့ နှစ်ယောက်တစ်ဝိုင်းထိုင်
ဖြစ်သည်။
"ကြက်သားဟင်း အစိမ်းကြော် ထမင်းဖြူတစ်ပွဲ" သလင်းက
မှာလိုက်တယ်
" ဒီဖက်ကညီမလေးကရော"စားပွဲထိုးကမေး
မှ ခွန်းက"ကြက်အသဲအမြစ် ကန်စွန်းပလိန်း ထမင်းဖြူတစ်
ပွဲ " မှာပြီး အိမ်ကိုဖုန်းဆက်လိုက်သည်။
" hello မေမေ ခွန်း ဒိုက်ဦးရောက်နေပြီ"
"အင်း ခွန်းကားပေါ်မှာအဆင်ပြေရဲ့လား"
"မပြေ အဲ ပြေပါတယ်မေမေ" ခွန်းကမပြေဟုပြောမိပြီးမှ
သူမနဲ့တစ်ဝိုင်းထဲထိုင်နေသည်ကိုသတိရပြီး အဆင်ပြေတယ်
ပြောလိုက်ရတယ်"အဲ့ဒါ အခုထမင်းစားတော့မယ် ဒါပဲနော်
မေမေ" "အေး အေး" ဖုန်းပြောအပြီး အနားကပုဂ္ဂိုလ်ကို
လှမ်းကြည့်လိုက်တော့ မျက်နှာထားကတင်းနေတာပဲ
လူလေးကကြည့်ကောင်းချင်ပါရဲ့တွေးနေတုန်း ထမင်းဟင်း
တွေရောက်လာတာနဲ့စားဖို့ပြင်ဆင်တော့သည်။ဒီကောင်မလေးနဲ့တစ်ဝိုင်းထဲစားရမှာဘာတွေဖြစ်အုံးမလဲ
ဒုက္ခပဲ အခုမှနေရာပြောင်းလည်းမရ သလင်းစိတ်ထဲ ဘုရား
တနေမိသည်။ဘုရားတလို့မှမဆုံးသေး ကောင်မလေးကသလင်းပန်းကန်ထဲ
ကြက်အသဲအမြစ် လာထည့်ပေးတော့ သလင်းတော်တော်
စိတ်ညစ်သွားတယ် သူကစေတနာနဲ့ထည့်ပေးပေမယ့်
အသဲအမြစ်မစားတော့ သလင်းအတွက်အခက်တွေ့နေရသည်ခွန်းက"အမ စားလေ"ပြောလည်းတို့ကနန်း ဆိတ်ကနန်းလုပ်
နေတဲ့သူမကို သိပ်ကြည့်မရတော့ ငါကစေတနာနဲ့လူမှုရေး
သိတက်စွာထည့်ပေးတာကိုဒင်းကမစားဘဲ ဘဝင်မြင့်ပြနေ
တာ ဘာထင်နေသည်မသိ ပြောမည်အလုပ်ရှုံ့တွနေသည့် သလင်းမျက်နှာ……………
(စာလုံးပေါင်းမှားတာတွေ updateကြာတာတွေ တောင်းပန်ပါတယ် ကိုယ်ရေးတဲ့ficကိုဖတ်မယ့်လူမရှိဘူး
ထင်တာ ဖတ်ပေးလို့လည်းကျေးဇူးတင်ပါတယ် )
YOU ARE READING
သူမ နဲ့ ကျွန်မ
Romance"အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာအလစ်ဝင်လာတာမျိုး" သလင်းဖြူ "ချစ်တာကချစ်တာ ကြိုက်တာနဲ့မတူဘူး" မြူခွန်းချို