သလင်း ထည့်ပေးထားတာကိုအားနာပြီးစားကြည့်တော့စားရ
တာကဘယ်လိုမှအဆင်မပြေ မျိုချလို့မကျ ကောင်မလေးက
ကြည့်နေသည့်အတွက်မျိုချဖို့ကြိုးစားရာ မျက်နှာကရှုံ့တွလာ
သည်။ကိုယ်သိတက်စထဲက မစားသည့်အစားအစာကိုစားရတာခက်
ခဲလှသည်မနေနိုင်တော့သည့်အဆုံးရေဖြင့်မျှောချရန်သာရှိ
တော့သည်။ရေများများသောက်လိုက်မှအဆင်ပြေတော့သည် ထပ်စားချင်
စိတ်လည်းမရှိ ကောင်မလေးရဲ့မျက်နှာလည်း မစူပုပ်တော့
'အော် သူကထမင်းနင်သွားတာကိုး ငါထည့်ပေးလို့ကြီးကျယ်
ပြီးမစားဘူးထင်တာ အစားကနည်းလိုက်တာနည်းနည်းပဲစား
ရသေးတယ် အာငါနဲ့မဆိုင်ဘူး'ခွန်းစိတ်ထဲကပြောပြီး အပြင်
မှာပါခေါင်းခါလိုက်သည်။စားပြီးတော့ကားပေါ်မှာစားရန်မုန့်နဲ့အအေးဝယ်ပြီးကားပေါ်ပြန်တက်တော့ဟိုပုဂ္ဂိုလ်လည်းကိုယ့်လိုဝယ်ပြီးအနားမှာလာ
ထိုင်သည်။" ခွန်းအမည်က မြူခွန်းချိုပါ" ပါးစပ်ကဘယ်လိုဖြစ်ပြီးမိတ်
ဆက်မိသည်မသိ ကိုယ့်ပါးစပ်ကိုယ်သာရိုက်လိုက်ချင်"အော် သလင်းဖြူပါ"တော်ပါသေးရဲ့ပြန်တော့ပြောရှာသား
"ဘာမေဂျာလဲ"
"ကျောင်းပြီးပြီ"အမေးနဲ့အဖြေကတည့်နေတာပဲ။
"အလုပ်ထဲဝင်နေပြီပေါ့"
"အင်း"
သူမ ပုံစံကမကောင်းတက်၍ဖြေပေးနေရတဲ့ပုံစံမေးတစ်ခွန်း
ဖြေတစ်ခွန်းမပြောချင်ဘူးထင်ပါတာခွန်းလည်းဆက်မမေးမိ
တော့။ကောင်မလေးက စကားလာပြောပေမယ့်ဆက်ဆံရေးမ
ကောင်းသည့်ကျွန်မအကျင့်ကမေးရင်တော့ဖြေတယ် ကိုယ်
ကတော့ပြန်မမေး စကားစပြတ်သွားတာလည်းကောင်းပါ
တယ် အေးဆေးသီချင်းနားထောင်ရတာပေါ့မျက်လုံးမှိတ်ပြီး
သီချင်းနားထောင်နေလိုက်ရာ အိပ်ပျော်ခြင်းသို့ရောက်ရှိတော့
သည်။
ပဲခူးမြို့ထဲဝင်တော့လက်ကကျဉ်လာတာကြောင့်နိုးလာရာ
ကောင်မလေးက သလင်းလက်ကိုကိုင်ပြီးအိပ်ပျော်နေတာ
လက်ကိုကိုင်ထားတာထက်လက်ချောင်းခြင်းပါထပ်ကိုင်ထား
တာဖြစ်သည်။
ခဏအကြာသူမလည်းနိုးလာပြီး
"ရောက်ခါနီးပြီလား မသလင်းဖြူ"
"ရောက်ခါနီးပြီ" မသလင်းဖြူဆိုတော့ အေးလေ ငါ့ကသူ့
ထက်အသက်ကြီးတာပဲ မ တက်ခေါ်တာပေါ့
"လက်ကျဉ်နေပြီ လွှတ်ပေးအုံး"
"ဟင် sorryနော် ခွန်းကအကျင့်ပါနေလို့"တောင်းပန်ရင်း
လွှတ်ပေးလိုက်သည်။
"ဘယ်လို "
"ဟို ခွန်းကမေမေနဲ့အိပ်ရင်အဲ့လိုဆိုမြန်မြန်အိပ်ပျော်တယ်လေ"
သူမရဲ့ ဘယ်လိုဆိုတာကို ခွန်းကဖြေရှင်းချက်တွေပေးနေမိ
တာဘာမှလည်းမဆိုင်ပဲနဲ့ခွန်းရေနင်တော့ကိုယ့်ကိုကိုယ်
မေးခွန်းပြန်ထုတ်ရတော့မယ်။
"အင်းပါ ရောက်ပြီဆင်းပြီနော်"နှုတ်ဆက်ပြီးဆင်းဖို့ပြင်
တော့သည်။
"ဟုတ်ကဲ့ see you" ခွန်းကသာsee youနေတာ
ဒင်းကလှည့်တောင်မကြည့်ဆင်းသွားတာ ငါလေးလည်း
အဆောင်ပေါက်ရောက်တော့မှာပဲဆင်းဖို့ပြင်ထားတော့မှ။
YOU ARE READING
သူမ နဲ့ ကျွန်မ
Romance"အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာအလစ်ဝင်လာတာမျိုး" သလင်းဖြူ "ချစ်တာကချစ်တာ ကြိုက်တာနဲ့မတူဘူး" မြူခွန်းချို