ဟာ ကောင်မလေးပါလား မဟုတ်ပါဘူးအာ ဟုတ်တယ်
ခွန်းမှခွန်းအစစ် အံမယ်သူကပဲအားကြီးနဲ့လာနမ်းပြီး ပါးတောင်ချိုင့်သွားပြီလားမှတ်ရတယ်အခုတော့သူ့ကပြန်လန့်
အော်ရတယ်ရှိသေး။
ငါလေးခုတစ်လောဘာ
တွေဖြစ်နေလည်းဆိုတာဗေဒင်တွက်အုံးမှပါ အဓိဌာန်ဝင်သင့်
လည်းဝင်ရအောင်။ခွန်းရဲ့အောင်မြင်လှသောအော်သံကြောင့်
အိမ်အောက်ထပ်ကလူကြီးများအလန့်တကြားအပေါ်တက်လာကျကာ " ဘာဖြစ်တာလဲ တစ်ခုခုတွေ့လိုက်လို့လား
ဘာဖြစ်သွားသေးလဲ ခွန်းလေးအော်လိုက်တာလား..."
စသည်ဖြင့်တစ်ယောက်တစ်မျိုးမေးမြန်းတော့မှခွန်းမှာ
"ဟို သူကို့လူမှားပြီးတော့..."
"လူမှားပြီးဘာဖြစ်လို့လဲခွန်းလေး"မမသက်မှစိတ်ပူစွာအမေး
"ဘာမှမဖြစ်ဘူး ရုတ်တရပ်လှေကားအခန်းထောင့်မှာတွေ့ပြီး
ထအော်လိုက်တာ"သလင်းကဝင်ဖြေလိုက်သည်မျက်နှာက
နီရဲပြီး။တကယ်ဆိုခွန်းကိုဘာဖြစ်လဲမေးတာကို
"အော် ဟုတ်သားပဲ သမီးတို့ကိုမိတ်ဆက်ပေးရအုံးမယ်"
"ခွန်းတို့ချင်းသိတယ် အန်တီကြီး "
"ဒါဆိုကောင်းတာပေါ့ကွယ် သိတာကြာပြီလား"
"မကြာသေးဘူး "
"ဘယ်လိုစသိကျတာလဲ" ပုလဲမှစပ်စုပြီးမေးလိုက်သည် သလင်းဆိုသောသူမက တော်ရုံတန်ရုံပတ်ဝန်းကျင်နဲ့မိတ်
ဆွေဖွဲ့ပြီးနေတက်သောလူမဟုတ်။
"အာ သွားရင်းလာရင်းသိသွားတာ ဟုတ်တယ်နော်ခွန်း"ကား
ပေါ်ကအဖြစ်အပျက်တွေပြန်ပြောမှာဆိုး၍ခွန်းကိုအဖေါ်ညှိပြီး
ပြောလိုက်တယ် ကားပေါ်မှာဘယ်လိုကဘယ်လိုစသိခဲ့တယ်
ဆိုတာ သူများတွေကိုစိတ်ရှည်လက်ရှည်ပြောပြဖို့ ကိုယ်က
စိတ်ဝင်စားတာမဟုတ်ဘူး။
"အော် အချင်းချင်းသိပြီးသားဆိုတော့အဆင်ပြေတာပေါ့""ဟုတ်ကဲ့ အန်တီမေ သူလန့်သွားတာ"ကိုယ်ကလည်းအလစ်ခံရသေး သူ့ဘက်ကလိုက်ပြောပေးနေရတဲ့အဖြစ် ငတိမကအစောကသူမဟုတ်သလိုမျက်နှာပေးနဲ့။
လူကြီးတွေအကုန်အိမ်အောက်ထပ်ပြန်ဆင်းသွားပေမယ့် သူမနဲ့ကိုယ်နဲ့ဇာတ်လမ်းကပြန်စတော့တာပဲ
"ရှင်ကြီးက ဒီကိုဘာလာလုပ်""ဘယ်ကရှင်ကြီးလဲ ခွန်း"ကိုယ့်ကိုပြောနေမှန်းသိပေမယ့်မသိချင်ယောင်ဆောင်ပြီးသလင်းပြန်မေးလိုက်သည်။
"ဒီနားမှာ ဘယ်သူ့ရှိလို့လဲ ရှင့်ကိုပြောနေတာ"
"အော် အင်း ပြောလေခွန်း"
"ပြောနေတာကို ဘာလာလုပ်တာလဲလို့"
"မင်္ဂလာဆောင်လာတာလေ ခွန်းရော"
"တူတူပဲ ဟွန့်"မျက်စောင်းပါထိုးပေးလိုက်တယ် မှတ်ကရော။တစ်နေ့လုံးသူ့အခန်းသူ့နေ ကိုယ့်အခန်းကိုယ်နေဘာပြဿနာမှမရှိပေမယ့် ညနေစောင်းတော့ဇာတ်လမ်းကစတော့သည်။ဧည့်သည်တွေထပ်ရောက်လာတာနဲ့ သလင်းနဲ့ခွန်းကိုတစ်ခန်းထဲနေခိုင်းတော့တာဖြစ်သည်။
ဧည့်သည်တွေများလာလို့မလွှဲသာတော့ပဲ သလင်းအခန်းထဲသို့ ခွန်းနေလိုက်ရတော့သည်။
"ခွန်း ရေချိုးခန်းသုံးတော့မလား""မသုံးသေးဘူးလေ"
"ပြီးတာပဲ" ပြောသံနဲ့အတူရုတ်တရပ်သလင်းမှသူ့အပေါ်အကျီ င်္ကိုဆွဲချွတ်လိုက်ရာ ကုတင်ပေါ်ထိုင်နေတဲ့ခွန်းမှလန့်သွားပြီး
"အမ် ဘာလုပ် လုပ်မလို့လဲ""ရေချိုးမလို့လေ"
"အဲ့ဒါဟိုအထဲမှာမလဲပဲ "
"ဘာဖြစ်လဲ ဒီမှာတို့နှစ်ယောက်ပဲရှိတာလေ"
"အာ့ မဟုတ်သေးဘူးလေ"ခွန်းဘယ်လိုပြောပြောတကယ်အရှက်မရှိတဲ့ သလင်းရယ်ပါ သူ့ကိုသူယောကျာ်းလေးများမှတ်နေလားမသိ။အနည်းဆုံးသဘတ်လေးတော့ခြုံထားမှပေါ့ ခုတော့
ရေသွားမချိုးသေးပဲ ခွန်းရှိရာကုတင်ပေါ်သလင်းတက်လာရာခွန်းမှာဘာစကားမှမပြောမိ။
သူကကိုယ့်ရှေ့တိုးလာလေ ကိုယ်ကနောက်ဆုတ်သွားလေ
စောစောကရှက်တက်နေသောကိုယ့်မျက်လုံးတို့သည်အခုတော့သူတို့မဟုတ်တော့သလို သလင်းရဲ့ကိုယ်ပေါ်ကိုအကြည့်တော့ရောက်နေတော့သည်။သလင်းရဲ့ညာဘက် ရင်ဘက်အနားမှာမှဲ့လေးပါလား ခွန်းနဲ့တူတာပေါ့စိတ်ထဲကအတွေး သလင်းကခွန်းအပေါ်အုပ်မိုးလိုက်တာကြောင့်
ခွန်းကဘာစကားမှမပြောဘဲကြည့်နေမိတယ်
"ဟိတ် ခွန်း"သလင်းဆီကခေါ်သံကြားမှအသိပြန်ဝင်လာတော့သလင်းကရေချိုးခန်းဝတောင်ရောက်နေပြီ။"ရေချိုးပြီလို့ အဲ့ဒါပြောတာ"လက်ထဲကသွားပွတ်တံနဲ့သွားတိုက်ဆေးပါမြှောက်ပြလိုက်သေးသည်။
အယုတ်တမာကြီးအဲ့ဒါတာ ဟိုဘက်ကသွားယူရင်ရရဲ့သားနဲ့
ငါ့အပေါ်ကနေကျော်ခွပြီးတော့ယူသွားတယ် လူကိုလန့်အောင်လို့သက်သက်မဲ့ ။
ရေချိုးခန်းထဲကသလင်းကတော့ပါးစပ်စေ့မရပိတ်မရဖြစ်နေပြီး စောစောကအကြောင်းတွေးမိတယ်။ သူမရဲ့အိတ်ကကုတင်ခေါင်းရင်းကိုတင်ထားမိတာ ကောင်မလေးကိုယူခိုင်းရင်ရပေမယ့် စချင်လာ၍ကိုယ့်ဘာသာသွားယူလိုက်တာ ကောင်မလေးကတော့အသက်တောင်ရှုရဲ့လားမသိ ချစ်စရာတော့ကောင်းသား။
ဘာပဲပြောပြောအခုတစ်ခါတော့မိမိနိုင်သည် ဒါပေမယ့်
ြိငိမ်းချမ်းချင်တယ် ဒီည။(တော်တော်ကြာသွားလို့တောင်းပန်ပါတယ် စာမေးပွဲဖြေနေတာရယ် ပြီးတော့အပျင်းကြီးနေတာရယ်
အမှားတွေပါရင်လည်းတောင်းပန်ပါတယ် စောင့်ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်)
YOU ARE READING
သူမ နဲ့ ကျွန်မ
Romance"အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာအလစ်ဝင်လာတာမျိုး" သလင်းဖြူ "ချစ်တာကချစ်တာ ကြိုက်တာနဲ့မတူဘူး" မြူခွန်းချို