Ep 07
မင်္ဂလာဦးဆွမ်းပါကပ်တော့ စောစောထရမည် အိပ်ရာပေါ်ကငတိမတော့မနိုးသေး အိပ်ကောင်းနေစဲ မနှိုးမချင်းထမည့်ပုံမပေါ် နှိုးပေးလိုက်တာပဲကောင်းမည် ပြင်ရဆင်ရမှာနဲ့ ပြီးတော့ သူမကအလှကြိုက်မည့်ပုံ။
"ခွန်း ထတော့ ဆွမ်းကပ်ဖို့ဝိုင်းကူရမယ်လေ"
"ဟင်"
"ခွန်း ထတော့နော်"
"မထချင်သေးဘူး"
"ထတော့ကွာ ခွန်းကလိမ်မာပါတယ် ကျမတောင်အောက်ထပ်ကိုတစ်ခေါက်ရောက်ပြီးပြီ မမသက်လာနှိုးခိုင်းလို့"
"အင်း ထမယ် ထူပေးအုံး"
'အမယ် သူမအိပ်ရာတစ်ခါထဖို့အရေး မပြီးနိုင်ဘူးပြောလိုက်နှိုးလိုက်ရတာ မနက်စောစောမို့သည်းခံနေတာကို ဆက်သည်းခံသလင်းရေဟု ကိုယ့်ကိုကိုယ်အားပေးရင်း'သလင်း သူမလက်ကိုဆွဲပြီးထူပေးလိုက်သည်။တကယ်တော့ ခွန်း သလင်းအနားကိုလာထဲကနိုးနေတာ တမင်ဂျီကျလိုက်ခြင်းသာ ဒီလိုဆိုတော့ စိတ်ကနည်းနည်းတော့ရှည်သားပဲ ။
သံဃာတော်တွေကို ဆွမ်းကပ်တော့ သူမနဲ့ကျမ တစ်ဝိုင်းထဲဆုံတော့ သူမလေးကလေသံတိုးတိုးလေးနဲ့စကား
စပြောလာတယ်။"သလင်း ညတုန်းက ကန်မိတာတောင်းပန်ပါတယ်နော်"
"အင်း ရပါတယ်"
"တကယ်ကို တောင်းပန်တာပါနော်"
"ရတယ်လို့ ပြောပြီးပြီလေ"
ကြည့်ပါလား ပြောတော့ရပါတယ် ရပါတယ်နဲ့အခုပြောနေရင်း
နဲ့ကို အရပ်နဲ့သူ့စိတ်နဲ့ကဆန့်ကျင်ဘက်ဖြစ်နေတာ စိတ်မရှည်တာက အရင်မြူခွန်းချိုကို ဒီလိုပြောလို့ဘယ်ရမလဲ"လှတယ်"
"ဟင်"
ခွန်း ဆွံ့အသွားမိတယ် နားကြားမလွဲဘူး သလင်းကသူမကိုလှတယ်လို့ပြောလိုက်တာ နောက်ဆုံးတော့ခွန်းကို သတိပြုမိပြီပေါ့အစောကစိတ်ဆိုးမလို့အစပျိုးထားတာတွေပျောက်ကွယ်။သလင်းစိတ်ရင်းနဲ့ပြောမိခြင်းသာ ဒီနေ့မှသူမရှိတဲ့ပတ်ဝန်းကျင်ကအစ လှနေသလို ။
YOU ARE READING
သူမ နဲ့ ကျွန်မ
Romance"အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာအလစ်ဝင်လာတာမျိုး" သလင်းဖြူ "ချစ်တာကချစ်တာ ကြိုက်တာနဲ့မတူဘူး" မြူခွန်းချို