🌼1🌼

19K 1.1K 20
                                    

Unicode [အောက်တွင် ဇော်ဂျီဗားရှင်းရှိပါသည်။]

တစ်အုန်းအုန်းရွာနေသော မိုးကြောင့် လမ်းမထက်တွင် သွားလာနေသော လူ တစ်စုံတစ်ယောက်မျှမရှိ။

တစ်ခါတစ်ခါ မိုးကြိုးပစ်လိုက်လျှင် နှလုံးရပ်မတန်း ကြောက်လန့်ဖွယ်ကောင်းသည်။

သို့သော် ထီးအနက်အား ဆောင်းကာ တစ်ရွေ့ရွေ့ လျှောက်လာသော မိန်းမကြီးတစ်ဦး။ လမ်းဘေးမီးများအောက်တွင် သူမ၏ လက်ထဲက ခြင်းလေးတစ်ခြင်းအား မြင်နေရသည်။

ထိုမိန်းမကြီး တစ်ဖြည်းဖြည်း လျှောက်နေရင်း ဘေးဘယ်ညာရှိ အိမ်များအားလည်း လိုက်ကြည့်နေသည်။

သူမ၏ မျက်လုံးများလည်း နီရဲလို့နေပြီ။ အရိုးသာ ရှိသော ခန္ဓာကိုယ်အား ကြည့်လျှင် အားမရှိမှန်းသိသာသည်။ လက်ထဲမှ ခြင်းအား မနိုင်တစ်နိုင်မရင်း လမ်းမဘေးရှိ အိမ်တစ်အိမ်နား ကပ်သွားသည်။

💐💐💐

အိမ် ခြံတစ်ခါးရှေ့တွင် ခြင်းလေးအားချကာ ခြင်းအမိုးလေးအား ဖွင့်ကြည့်လိုက်တော့ အသားကုန် အော်၍ ငိုကြွေးနေသော ကလေးငယ်လေး...။

ကလေး၏ ခေါင်းလေးအား ဖြေးညင်းစွာ ပွတ်ရင်း အဝတ်လေးအား နွေးစေရန် သေချာ ပြန်ပြင်ပေးသည်။ ထို့နောက် ခြင်းအမိုးလေးအာ ပြန်ဖုံးထားပေးကာ ထီးလေးနှင့် မိုးပေးထားလိုက်သည်။

ထို့နောက် ပျောက်ကွယ်သွားသော ထိုမိန်းမကြီး။ ကျန်ရစ်ခဲ့သော ကလေးငယ်လေး၏ အော်ခေါ်သံများအား မကြားနိုင်တော့ပါ။ တစ်အုန်းအုန်းရွာချသော မိုးရေများကြား ကလေးငယ်၏ အော်သံက ဘယ်လို ထွင်းဖောက်နိုင်မှာတဲ့လဲ။

ခဏတာ အိပ်စက်ရတော့မယ့် အချိန်ရောက်မှ လေများက ပြင်းထန်စွာ တိုက်ပစ်လိုက်တော့ ခြင်းလေးအာ မိုးပေးထားသော ထီးနက်ကလေးမှာ လေညွှန်ရာ အတိုင်း လွင့်မြောသွားသည်။

မလုံမခြုံခြင်းလေးထဲက ကံဆိုးလှတဲ့ ကလေးငယ်လေးမှာတော့ အဝတ်တွေလည်း စိုရွှဲလို့၊ ချမ်းတုံစွာနဲ့ဘဲ ကယ်တင်မယ့်သူ့ကို စောင့်မျှော်လျက်..........။

💐💐💐

ရုတ်တရက် ခွေးဟောင်သံကြောင့် သူ အိပ်နေရာမှ နိုးလာသည်။ နိုးနိုးချင်း မျက်လုံးအား လာစူးသောနေရောင်အား ရှောင်ရှားသည့်အနေဖြင့် ကုတင်ပေါ်တွင်ပင် ထထိုင်လိုက်သည်။

ʜᴇʀ ɢᴏᴅғᴀᴛʜᴇʀ [✔]Where stories live. Discover now