🌼3🌼

9.1K 988 12
                                    

Unicode [Zawgyi Version Below]

အဖေ့ရဲ့သဘောအတိုင်း ကုမ္ပဏီအား လက်လွှဲယူရန် ဆုံးဖြတ်လိုက်သည်။အခုလက်ရှိ လုပ်ငန်းကိုတော့ ယုံကြည်ရသူ တစ်ယောက်ယောက်ဆီ အပ်ထားရန် တွေးထားသည်။

သို့သော်....
ဘာတဲ့? မိန်းမယူရမယ်တဲ့လား...။

" မင်းအဖေက မင်းကို အမွေတွေအကုန် လွှဲသွားတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မင်းလက်ထပ်ပြီး အတည်တကျ ဖြစ်မှ မင်းလွှဲပြောင်းယူလို့ရမှာ။ မင်းအဖေက အဲ့လို လုပ်ထားခဲ့တာ..."

ဘာလို့များ ဒီလိုလုပ်ခဲ့ရတာလဲ?
အခုမှ ငါကတွေ့ကရာ မိန်းကလေးကို ကောက်ယူရမှာလား? ရူးနေလို့လား?

အခုမှ သဘောကျတဲ့ မိန်းကလေးတွေ့ရင်တောင် သူ့အကြောင်းသိပြီး လက်ထပ်ဖို့လောက်ထိ အဆင်ပြေဖို့က ကျွန်တော့်အတွက် အချိန်ကြာကြာယူရဦးမှာ....။

စိတ်ညစ်ညစ်နှင့် ညဘက်ကြီး မီးဖိုချောင်ထဲတွင် တစ်ယောက်တည်းသောက်နေသည်။

မှောင်နေသော အခန်းအား တစ်ယောက်ယောက်က မီးဖွင့်လိုက်တော့
သူ လှည့်ကြည့်မိသည်။

သောက်၍နီရဲနေသော သူ့ရဲ့ မျက်ဝန်းများက မှေးစင်းကာ အိပ်ချင်မူးတူးဖြစ်နေသော မျက်ဝန်းအစုံတို့နှင့် ဆုံမိသည်။

" ကလေးလေး..."

သူမက ညအိပ်ဂါဝန်လေးနှင့် သူ့နားလျှောက်လာကာ မော့လျက်ကြည့်နေသည်။

" ဒယ်ဘူ Oppa! ဘာတွေသောက်နေတာလဲ"

Jungkook လည်း ကလေးလေးအား ခါးမှ ပွေ့ချီကာ ပေါင်ပေါ်သို့ တင်လိုက်သည်။ သူမ၏ခါးလေးအား ထိန်းကိုင်ထားလိုက်ကာ..

" ကလေးလေး က ခုထိမအိပ်သေးဘူးလား "

မျက်လုံးများအား ပွတ်သပ်နေရင်းမှ သူ့အား မျက်စောင်းထိုးလိုက်ကာ ကြည့်လာသော သူမအား Jungkook လည်း အံ့အားသင့်သွားသည်။

" ဘာလို့ ခုထိ ကလေးလေးလို့ ခေါ်နေတာလဲ? သမီးမှာ နာမည်ရှိပါတယ် "

လေသံတွင် အနည်းငယ်စိတ်ရှုတ်သောလေသံနှင့် ပြောလာသော ကလေး၏ပါးအား သူညင်သာ စွာ လက်မလေးဖြင့် ပွတ်သပ်ကာ သွားလေးများပေါ်အောင် ရယ်ပြလိုက်သည်။

ʜᴇʀ ɢᴏᴅғᴀᴛʜᴇʀ [✔]Donde viven las historias. Descúbrelo ahora