🎉35🎉

5.2K 450 29
                                    

Happy Birthday Jin!

[Unicode] (Zawgyi Version Below)


Happy Birthday Jin!

" Merry Christmas ပါ Jeon။ စိတ်တော့မရှိပါနဲ့ ကျွန်မတို့ လုပ်စရာတွေကျန်သေးတယ်လေ..."

အိမ်အထိပါလိုက်၍လာသော Seulgi အား Jungkook ဧည့်ခန်းထဲတွင်ခဏ ထိုင်စောင့်စေပြီး အပေါ်တက်ကာ ကုတ်အကျီၤအား ဝတ်၍ ပြန်ဆင်းလာခဲ့သည်။

" ဒီမှာမပြောချင်ဘူး...။ တစ်နေရာရာကို သွားရအောင်......"

ခေါင်းမာကာ ထိုင်နေရာမှ မရွှေ့သော သူမက...

" ဘာလို့လဲ? တစ်ယောက်ယောက်ကြားသွားမှာ စိုးရိမ်လို့လား...?"

"Lee Seulgi!!"

သူမ၏ မျက်နှာတို့မှာ အရင်လို ခပ်ရွဲ့ရွဲ့အပြုံးတွေကို ပန်ဆင်မထားသလို အရင်ကလို မိတ်ကပ်ထူထူလည်း လိမ်းမနေ။

" ဘာဆွေးနွေးစရာမှမလိုဘူး...။ ရှင် ...လတ်မှတ်လေးတစ်ခု ထိုးလိုက်ရုံဘဲ..."

ပြောနေရင်းပင် ထုတ်ကာ စားပွဲပေါ်တင်လိုက်သော စာရွက်တစ်ချပ်။

" ဘာမှမဖြစ်ဘူး။ ပွဲတွေ ဘာတွေ မလုပ်လည်းရတယ်။..ဒီအတိုင်း လတ်မှတ်ထိုးပြီး အမြန် လက်ထပ်ကြရအောင်...."

Jungkook လက်ထပ်စာချုပ်အား....ကိုင်ကြည့်ကာ ဒေါသကြီးစွာ ကြမ်းပြင်ပေါ် ပစ်လိုက်သည်။

" မင်းရူးနေလား? ငါမင်းကို လတ်မထပ်နိုင်ဘူးလို့ ဘယ်နှစ်ခါပြောရမလဲ? ဒီလိုရုတ်တရက် အလောတကြီး ရောက်လာပြီး လတ်မှတ်ထိုးခိုင်းတိုင်း ရမယ်ထင်နေတာလား..."

Jungkook ၏အသံကျယ်လောင်မှုကြောင့် လှေကားတစ်လျှောက်ဆင်းလာသော ကောင်မလေးတစ်ယောက်။

လှေကားရင်းတွင် ထိုင်ကာ သူတို့နှစ်ယောက်၏ စကားကို ခိုး၍နားထောင်နေသည်။

' လက်ထပ်စာချုပ် ဟုတ်လား...?? ဘယ်သူက ဘယ်သူနဲ့ လက်ထပ်မှာလဲ...'

" ရှင်ကတိပေးထားတာဘဲ!! ရှင့်ကို ကျွန်မနောက်ဆုံးအခွင့်အရေး ပေးထားတာနော်!! ရှင် အကြီးအကျယ် နောင်တမရချင်ရင် အခုချက်ချင်း ထိုးလိုက်ရင် ကောင်းမယ်..."

ʜᴇʀ ɢᴏᴅғᴀᴛʜᴇʀ [✔]Where stories live. Discover now