It's

11.7K 598 8
                                    

"Chan.........Yeol~"

တံခါးဖွင့်သံနှင့် အတူ ထွက်လာသော နာမည် သည် မမျှော်လင့်ထားသော မြင်ကွင်းတခုကြား သိသိသာသာ တိုးလျော့သွားသည် ။

နာမည်ကြီး KTV တခုရဲ့ VIP room ထဲတွင် Sofa ပေါ်၌ Chanyeol နှင့် အတူအနမ်းမိုးရွာနေသော ကောင်မလေး ၁ယောက် ။

သူ၏ နာမည်ခေါ်သံကြားသည်နှင့် ကျောပေးထားသော တံခါးဝကို နောက်ပြန်လှည့်ကြည့်လိုက်သည် ။မမြင်ချင်သော  သူတယောက်ကို မြင်လိုက်ရတာကြောင့် သူစိတ်ပျက်စွာ ညည်းညူလိုက်သည် ။ ခွထားသော ကောင်မလေးပေါ်က ဆင်းလိုက်ပြီး ပွယောင်းယောင်း ဆံပင်ကောက်များကို စိတ်ပျက်စွာ ကုတ်နေသည် ။

"မင်း...."

"နေဦး...နေဦး!! မင်း ဒီကို ဘာလာလုပ်တာလဲ? မင်းနဲ့ ငါနဲ့ ဇာတ်လမ်းက ပြီးသွားပြီ!! ဘာလဲ ငါ့နဲ့အိပ်မလို့လား?"

"ဘာ!!ဘာပြောလိုက်တယ် Chan?"

"ပြန်ပါတော့ Baekhyun ရာ.... ငါနဲ့ အိပ်နိုင်တာလဲ မဟုတ်ပဲနဲ့.."

Baekhyun အံ့ဩစွာ သူ့အားကြည့်နေသည် ။

"မင်း သိပ်ကို လိုချင်နေတယ်ပေါ့ ဟုတ်လား?"

"ကျစ်...အေး အဲ့တာကြောင့် မင်းထွက်သွားပေးပါ!!"

Baekhyun သူ့အား တခနမျှ စိုက်ကြည့်ကာ ~~

*ခွပ်*

လည်ထွက်သွားသော မျက်နှာနှင့်အတူ နှတ်ခမ်းထောင့်မှ စေးပြစ်ပြစ် အရည်တချို့ ။ သူ Baekhyun အား ပြန်ကြည့်လိုက်သည် ။

"၆နှစ်လုံးလုံး တွဲခဲ့တဲ့ Relationship ကို မင်းမို့လို့ ဖျက်ရက်တယ် Chan!!! မင်းကို ငါ....."

ပြောလိုက်စမ်းပါ....ပြောလိုက်စမ်းပါ Baekhyunရာ...
မင်းသူ့ကို မုန်းလိုက်တာ ဆိုတဲ့ စကားကို ပြောလိုက်စမ်းပါ...

"မင်းကို...ငါ.... မုန်းမိလိမ့်မယ်"

ဟက် နောက်ဆုံးအချိန်ထိ သူ့ကို မုန်းတယ်ဆိုတဲ့ စကားကို မပြောနိုင်ခဲ့ဖူးပဲ ။မင်း သိပ်သစ္စာရှိလွန်းနေတယ် Baekhyun ! Baekhyun သူကိုယ်သူ ချီကျူးမိသည်။

Baekhyun ပြောပြီး လှည့်ထွက်သွားသည်နှင့် သူ တချက်မဲ့ကာ နံရံကို မှီနေလိုက်သည် ။ အလိုက်တသိ ဘေးက ကောင်မလေး၏ လက်သွယ်သွယ်များသည် Chanyeol ခါးထက် ကျရောက်လာသည် ။

Don't Go ( 가지마 ) {Completed}Where stories live. Discover now