you

8.8K 554 64
                                    

Please listen to" Hard For Me"(Rich Man OST)

"လမ်းခွဲရအောင် Baekhyun "

ပြုံးရယ်နေတဲ့ သူမျက်နှာလေး ချက်ချင်းလိုလို ပြောင်းလဲသွားတာ ရိပ်ခနဲ ကျွန်တော်မြင်လိုက်ရ တယ်....ဒါပေမယ့် ကျွန်တော် မကြည့်ခဲ့ဖူး.... အကြိမ်ကြိမ်ဆုံးဖြတ်ထားရတဲ့ ဒီလမ်းခွဲမယ့် အကြောင်းကို သူ့မျက်ဝန်းတွေအောက်မှာ မကျရှုံးသွားချင်ဖူး.....

ငါ မင်းကို သိပ်ချစ်လို့ပါ Baekhyunnee...

လေပြေတချက်က ဝေ့ခနဲ တိုက်ခတ်လာတဲ့ အခါ လွင့်ပါသွားတဲ့ သူဆံနွယ်လေးတွေ.....

အရင်လိုဆို နမ်းရှိုက်မိမှာ မှန်ပေမယ့်.... အခုအတော်ထိန်းချုပ်ထားရသည်။

မင်းဆံနွယ်အိအိလေးတွေ လွမ်းလိုက်တာကွာ....

အံ့ဩနေတဲ့ ပုံစံနဲ့ ကျွန်တော့်ကို သာ အတော်ကြာ ရပ်ကြည့်နေခဲ့တဲ့ သူ့ကို ကျွန်တော် ကြာရင် ဖက်နမ်းမိတော့မှာ....မထိန်းနိုင်တာကြောင့် သူ့ကို ကျောခိုင်းကာ ကျွန်တော် ထွက်လာခဲ့တယ်.....

မမြင်စေချင်ပါ....ကျွန်တော့်ပါးပြင်က မျက်ရည်စက်တွေ...သူနာကျင်လိမ့်မယ်...

သိပ်ချစ်လို့ပါကွာ....

သူနဲ့လမ်းခွဲပြီးမှ စိတ်ညစ်တိုင်း သွားသောက်
နေကျ Bar မှာ သွားထိုင်လိုက်သည်။ ခနနေတော့ Bar က ကောင်လေးတယောက်က ကျွန်တော့ကို Beer ခွက်ချပေးရင်း ပြောသည်။

"မနက်က အကို့ကို ကောင်လေးတယောက် လာရှာတယ်... ပြီးတော့ အကိုလာရင် သူ့ကို အကြောင်းကြားပါလို့ ပြောသွားတယ်"

မရှိနိုင်ဖူး.....သူအပြင် ဘယ်သူမှမရှိနိုင်ဖူး....
ကျွန်တော်က တကောင်ကြွက်လေ....

တောင်းပန်ပါတယ် မင်းကို နာကျင်စေမိလို့....

"ဒီနေ့ည သူ့ကို အကြောင်းကြားလိုက်ပါ.... သူလာပါစေ...မမြင်သင့်တာတွေ သူမြင်ပြီး
ငါ့ကို မုန်းပါစေ..."

Waiter ကောင်လေးက သူ့အား နားမလည်သလိုကြည့်ကာ ထွက်သွားခဲ့သည်။

မျက်ရည်စက်က beer ခွက်ထဲ ပေါက်ခနဲ....

တယောက်ထဲ ကျန်ခဲ့တဲ့ ကျွန်တော့မှာ Baekhyunee ရယ် Luhannie ရယ်
Sehunnee ရယ်ပဲ ရှိတော့တာ.... ကံကြမ္မာက ရက်စက်လွန်းတာကြောင့် မိဘတွေပါ မရှိစေတဲ့အပြင် ချစ်ရတဲ့ ချစ်သူလေးအနားကပါ ပျောက်သွားအောင် လုပ်သည်။

Don't Go ( 가지마 ) {Completed}Donde viven las historias. Descúbrelo ahora