Don't Go ရဲ့ OST လေးက Rich Man ထဲက Hard For Me ဆိုတဲ့ သီချင်းလေးပါနော်❤ အရမ်းခံစားရပြီး အရမ်းကောင်းတဲ့ သီချင်းလေးပါ❤ Mp3 လေးကို repeat လုပ်ပြီး နားထောင်ရင် ပိုကောင်းပါတယ်😢 ငိုရမလားတော့ မသိပေမယ့် ငိုစေမိရင်တောင်းပန်ပါတယ်လို့😭 ကျွန်တော်လဲ ဒီနေ့ စိတ်အခြေအနေမမှန်ဘူးရယ်😅
Start***
Baekhyun မျက်စိရှေ့က မြင့်မားသော အဆောက်အဦးကို တချက်မော့ကြည့်လိုက်
သည်။Kai က သူနဲ့လာတွေ့ရန်ပြောသောကြောင့် Baekhyun ရောက်လာခဲ့ခြင်းပင်။အထဲဝင်သွားပြီး အပေါ်ဆုံးထပ်ကို တက်သွားလိုက်သည်။ဘယ်အခန်းလဲ မသိတာနဲ့ တွေ့တဲ့ဝန်ထမ်း ကောင်လေး ၁ယောက်အား လှမ်းခေါ်ပြီး မေးရသည်။
"တဆိတ်လောက်...ဟိုလေ...CEO Kim Kai ရဲ့ အခန်းက ဘယ်မှာလဲမသိဖူး?"
ဝန်ထမ်းကောင်လေး က ကြောင်အစွာ ကြည့်ပြီးပြန်မေးသည်။
"CEO ?"
Baekhyun ခေါင်းငြိမ့်ပြလိုက်သည်။
"CEO Kim Kai က..."
"ကိုယ့်အလုပ်ကို သွားလုပ်!!"
ထိုဝန်ထမ်းကောင်လေးက ရာထူးကြီးပုံပေါ်သော ကောင်မလေး၏ အမိန့်ကြားမှာ Baekhyun အနားမှ ပျောက်သွားသည်။
"ကြွပါရှင့် CEO အထဲမှာစောင့်နေပါတယ်"
Baekhyun ခေါင်းငြိမ့်ပြပြီး လိုက်လာခဲ့သည် ။ အခန်းတခန်းရှေ့ အရောက် ထိုကောင်မလေးသည် တံခါးဖွင့်ပေးပြီး Baekhyun အားဝင်စေသည်။
Baekhyun အခန်းထဲရောက်တော့ တစ်ယောက်မှရှိမနေ။"ဘာလဲဟ!အခန်းထဲမှာဆိုပြီးတော့.."
Baekhyun sofa ပေါ် ထိုင်နေတုန်း ရေချိုးခန်းထဲက အပြေးအလွှားထွက်လာသော Kai ရဲ့ ချော်လဲ တော့မယ့် ခန္ဓာကိုယ်အား Baekhyun ကပင် ဝိုင်းထိန်းပေးလိုက်ရသည်။
"အာ....Gomawo..Gomawo..!"
"ဘယ်...ဘယ်လို ဖြစ်တာလဲ Kai ssi ဖြည်းဖြည်းထွက်လာလဲရတာကို!!"
Kai လက်ခါပြကာ ကြာမှာစိုးလို့ ဟုသာပြော
သည်။ Baekhyun သဘောကျစွာ ရယ်ပြီး အူကြောင်ကြောင်နိုင်တယ် ဟု တွေးလိုက်မိသည်။
![](https://img.wattpad.com/cover/150895094-288-k98478.jpg)
YOU ARE READING
Don't Go ( 가지마 ) {Completed}
Randomပျော်ရဲ့လား ချန်း~ ငါ့ကို ကစားရတာ ပျော်ရဲ့လား? နေနိုင်ရဲ့လား ချန်း~ ငါ့ကို ထားခဲ့ရတာ နေနိုင်ရဲ့လား? ချစ်တယ် ချန်း~ မုန်းပစ်ချင်လောက်အောင် ချစ်တာ~~