ဖြစ်ခွင့်ရမယ်ဆိုရင် ❤️ep 1❤️

825 28 1
                                    

ကျွန်တော် တစ်ယောက်တည်း ဆိုင်ကယ် စီးရင်း ဘယ်တုန်းကမှ မမြင်ဘူးခဲ့တဲ့ မြင်ကွင်းတစ်ခု.....
ကျွန်တော့်ရင်ကို လှုပ်ခါစေနိုင်သော တစ်ခုတည်းသော မြင်ကွင်း....
ဆိုင်ကယ်စီးနေတာကိုတောင် မေ့သွားလောက်အောင် လှပတဲ့ မြင်ကွင်းလေးတစ်ခု....
ညနေနေဝင်ချိန် ပုဇွန်ဆီရောင်နေမင်းကြီးကတိမ်တွေအောက်မှာ ပုန်းလျိုးနေရင်းထွက်နေတဲ့ အလင်းရောင်တွေနဲ့ တိမ်တွေရဲ အလှကို ကြည့်ရင်း....
နွေဦးရဲ့ အငွေ့အသက်တွေအောက်မှာ....
ဆိုင်ကယ်စီးတိုင်းနားကျပ်တပ်ထားပြီး သီချင်းနားထောင်လေ့ရှိတဲ့ ကျွန်တော့်အတွက်
Phone ထဲမှာ ကြားနေရတဲ့ သီချင်းလေးက
''ကုန်လွန်ခဲ့သော...နေ့ရက်များ....
  နာကျင်စွာ တမ်းတမိတိုင်း....
  နင်က မချစ်နိုင်တော့တာ...
  ဘလိုရှေ့ဆက်ရမှာလည်း..''
ဘယ်သူ့ကို လွမ်းလို့ လွမ်းရမှန်းမသိတဲ့ ထူးဆန်းတဲ့ ခံစားချက်လေး တစ်ခု ပေါက်ဖွားလာအောင် ပံပိုးနေကြတဲ့ အရာအားလုံးရဲ့ ဆန္ဒအတိုင်း.....ဆိုင်ကယ်ကို ဖြည်းဖြည်းစီးလာရင်းနဲ့ ဟိုအရင် အတိတ်တချို့ ပြန်မြင်ယောင်လာမိတယ်....
'''ဟျောင့်....ထက်ဝဠာ
  အေး...ခတ္တာ
  မင်းငါ့ကို ၁၀တန်းပြီးသွားလည်း မေ့မထား     ဘူးမလား ငါ့ကို ပစ်မထားဘူးမလား....
ငါ့ကို ကျောင်းပြီးသွားရင် ခနခန ဆက်သွယ်နော်......
အေးပါ...ခတ္တာရ.....
ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းကောင်းတစ်ဦး
လူချစ်လူခင်များပေမယ့် ကျွန်တော့အပေါ်မှာ အနစ်နာခံပေါင်းတာ သူဘဲ ရှိတယ်လေ....
သူနဲ့ ၉တန်းကတည်းက စတွေ့ခဲ့တာ...
သတိထားမိပေမယ့် မပေါင်းဖြစ်ခဲ့ဘူး ၁၀တန်းရောက်မှ ဘေးချင်ကပ်ရပ် ထိုင်မိတော့ အဲ့ဒီကနေစပြီး ကျိန်စာ သင့်တော့တာပါဘဲဗျာ...တပူးပူး တတွဲတွဲ နဲ့ ....ထမင်းစားရင် အတူတူလိုက်စား ရေချိုးရင် အတူတူလိုက်ချိုး နောက်ဆုံး အိမ်သာတက်ရင်တောင် ဘေးချင်းကပ်ရပ် လာတက်တယ် ကောင်းရော....
ဒါပေမယ့်လည်း သူရှိခဲ့လို့ ကျွန်တော် အမှတ်ကောင်းကောင်းနဲ့ TU မေဂျာတစ်ခုကို ရခဲ့တယ်လေ....သူကဘဲ မရတာတွေ ရှင်းပြ စာကူကျက်ပေးနဲ့ အားငယ်နေရင် အားပေးနဲ့ သူလည်း ၁၀တန်းမှာ သူတက်ချင်တဲ့ကြောင်း တက်ခွင့်ရမယ်လို့ ထင်ပါတယ်....
သူ ကျွန်တော့်ကို ဆက်သွယ်ခဲ့ဖို့ပြောပေမယ့် ကျွန်တော့်ကို ပေးထားတဲ့ သူ့ဖုန်းနံပါတ်လေးက လိုက်ရှာလို့ကို မတွေ့ခဲ့ဘူး....
၁၀တန်းပြီးတော့ အမေ့ရဲ့ အလုပ်ကြောင့် ရန်ကုန်ပြောင်းနေခဲ့ရပြီးမှ တက္ကသိုလ်တက်ဖို့ ဇာတိမြေ မန္တလေးကို မရရအောင် တက်ခဲ့တယ်.....ခတ္တာတစ်ယောက်တော့ ဘယ်လို အခြေအနေရှိနေမယ် မသိပေမယ့် ကျွန်တော်ကတော့ တက္ကသိုလ်ကျောင်းသားကြီးတစ်ယောက် ဖြစ်နေခဲ့ပြီ......
ကျွီ....ဘာလိုလိုနဲ့ တောင်တွေးမြောက်တွေး တွေးရင်း အိမ်တောင်ပြန်ရောက်နေပြီ....
"'သား....ထက်ဝဠာ ပြန်ရောက်ပြီလား...
  ဟုတ် အန်တီမေ....
   အဲ့ဒါဆို သားရေမိုးချိုးပြီး ထမင်းလာစား
  လှည့်တော့နော် သား..
  ဟုတ်..."'
သူမက ကျွန်တော့် အမေရဲ့ ညီမလေ..
ကျွန်တော့ရဲ့ တစ်ဦးတည်းသော အဒေါ်....
ရေချိုးပြီးတော့ ထုံးစံအတိုင်း Phone လေးဖွင့်
ပြီးတော့ facebook ထဲ ဝင်လိုက်တော့...
messengerကနေ noti လေး တခုတက်လာတယ်....
ကောင်လေးတစ်ယောက် စာပို့ထားတယ်လေ
'Hello...'
'Hello too'
ထူးထူးဆန်းဆန်း လာ Hi ရင် လျှောက်ပို့တတ်တဲ့ ကျွန်တော့်အကျင့်လေ...
'မင်္ဂလာပါ အကို...
ဟုတ်ကဲ့ မင်္ဂလာဆောင်ပါ....
အကိုက ဘယ်ကလည်း...
ကျွန်တော်က နတ်ပြည်ကပါ ....
👀👀👀👀👀
Sticker လေးရောက်လာတော့ ကျွန်တော့်ဘာသာ ကျွန်တော့် ရီမိတယ် ဗိုက်တောင်အောင့်တယ်....
သူ့ဘက်က ဆက် reply ပြန်တယ်
'အကိုက နောက်တယ်ဗျာ
'ဟုတ်ကဲ့ အော်ရီဒူးကပါ မင်္ဂလာပါ...
'ဟာ...အကိုကဗျာ....
'Just kidding ပါ ညီလေး ဘာပြောမလို့လည်း...
'ညီလေ အကို့ကို...........
     
               To ❤️ep 2❤️

ဖြစ်ခွင့်ရမယ်ဆိုရင်Where stories live. Discover now