တီတီ.....တီတီ.....တီတီ.....
ရုတ်တရက် နှိုးစက်သံကြောင့် ပွင့်လာတဲ့
ကျွန်တော့် အမြင်လွှာနှစ်ခုမှာ ဝိုးတို့ဝါးတား
ပုံရိပ်တချို့ ထင်ဟပ်လာတယ်.....
မျက်ခွံတွေရဲ့ လေးလံတဲ့ဒဏ်ကို အံတုရင်း
သိချင်ဇောကို ရှေ့တန်းတင်ကာ အားကုန်
ထုတ် ကြိုးစား ဖွင့်ရင်း
အသံ သဲ့သဲ့လေး တခုကြားလိုက်ရတယ်.......
"ထက်ဝဠာ.....ထက်ဝဠာ........"
ဟင် ကျွန်တော့်ကို ဘသူခေါ်တာလည်း....
သူလား........
သူ ကျွန်တော့်ကို ခေါ်နေတာလား.....
"ထက်ဝဠာ......."
အဲ သူကျွန်တော့်ကို ခေါ်နေတယ်...
"ထက်ဝဠာရေ........"
ကျွန်တော် အားယူရင်း မျက်စိ ကန့်လန်ကာကို ဖွင့်လိုက်တဲ့အချိန်ခနမှာ.....
ကိုယ့်ကိုကိုယ် မယုံနိုင်လောက်အောင်ဘဲ.....
ရှေ့တည်တည့်က ကိုယ်လုံးပေါ်မှန်ထဲမှာ တွေ့လိုက်ရတာက မတ်တပ်ရပ်နေတဲ့
ကျွန်တော့်ကိုယ် ကျွန်တော်.......
မယုံနိုင်လောက်အောင်ပင် ဖြစ်သွားတဲ့ အမူအရာ တချို့ကို ကျွန်တော် မှန်ထဲမှာ မြက်မိလိုက်တယ်......ကျွန်တော် သူ့အသံကြားရတယ်လို့ တွေးမိရုံနဲ့တင် အိပ်ရာကနေ မျက်စိနှစ်ဖက်မဖွင့်ဘဲ သူ့ကို အပြေးအလွှားရှာဖို့ မတ်တပ်ထ ရပ်မိတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် ဘလိုမှပင် မယုံကြည်နိုင်ခဲ့.....
"I'm in love with the shape of you.....
We push and pull......"ရုတ်တရက် ဆိုသလို ဖုန်းသံကြောင့် အတွေးစတချို့ ပျံ့လွင့်သွားခဲ့တာ်.....
contact name မှာပေါ်နေတာက
"ရှင်း.......""ဟလို......"
"ထက်ဝဠာ နင်ငါ့ကို ဘယ်အချိန် လာခေါ်မှာလည်း..."
"ဪ အေး ငါ နောက် ၁၅မိနစ်လောက်နေရင် ထွက်လာမယ်နော်"
"အေး အေး မြန်မြန်တော့လာနော်
ပန်းကန်ဆေးနေရမယ်"
"အေးပါ အေးပါ ဒါဘဲနော်"
"အေး အေး"
ရေစက်များစွာက ဆံနွယ်များကြားမှ ခြေဖျားတိုင်အောင် ယိုစီးကြနေပြီး အေးမြတဲ့ အရသာကို ခံစားနေရပေမယ့်.......
သူဆိုတဲ့ လူတစ်ယောက် အကြောင်း
အတွေးတွေက အေးမြမှု့ မရှိနိုင်ခဲ့.....
ကိုယ်လုံးပေါ်မှန်ရှေ့မှာ ရပ်ရင်း အင်္ကျီ အဖြူ
ရောင် လက်ရှည်ကို လက်ခေါက်တင်ထားပြီး ချည်အနီရင့်ရင့်ရောင် အကွက်သေး ပုဆိုး တစ်ထည် ဝတ်ဆင်ထားတဲ့ ကိုယ့်ကိုကိုယ်
'အဆင်ပြေလောက်ပြီ'ဆိုတဲ့ ဆုံဖြတ်ချက်နဲ့အတူ ခပ်သွက်သွက် ရှင်း ဆီကို ဆိုင်ကယ်ယူပြီးထွက်လာခဲ့တယ်......
'ရှင်း ငါ အိမ်ရှေ့ရောက်နေပြီ ထွက်ခဲ့တော့'
'အေးအေး အခုလာပြီ'
နောက်ခဏ အကြာမှာ.....
ဆံပင်ကို ချကာ ကလစ်သေးသေးတွေ ပန်ထားပြီး မိုးပြာရောင် ဝမ်းဆက်အပေါ်မှာ လည်ပင်းနားတစ်ဝိုက် အဖြူရောင် ပန်းခက် ဇာလေးနဲ့ ပြန်အုပ်ကာ ချုပ်ထားတဲ့ ဝတ်စုံလေးနဲ့ ထင်ဟပ်နေတဲ့ ဖြူဝင်းတဲ့ အသားရောင်နှင့်အတူ လှပနေတဲ့ သူမ......'ရှင်း'....
ရုတ်တရက် သူမ၏
'ဟဲ့ သွားကြစို့'ဆိုတဲ့ စကားသံကြားမှ အတွေးအိမ်မက်ကနေ လန့်နိုးလာခဲ့တယ်......
ဆိုင်ကယ်လေးနဲ့ အလှူပွဲကို ရောက်တော့
ကျွန်တော် နာရီကို လှမ်းကြည့်လိုက်တော့ ၁၀နာရီ ၁၅......
'လာလေ ထက်ဝဠာ'
'အေးအေး'
ရှင်းရဲ့ ဦးဆောင်မှု့နောက်ကို လိုက်သွားရင်း ဘုန်းကြီးကျောင်း တစ်ကျောင်းပေါ် ကျွန်တော် ရောက်သွားတော့ ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရင်း.....
'ထက်ဝဠာ နင် အဲလိုဘဲ ရပ်နေတော့မှာလား'
သူမရဲ့ အမေးကြောင့် ကိုယ့်ကိုကိုယ် သတိထားမိသွားပြီး ရှင်း နဲ့ မလှမ်းမကွာ မှာ ထိုင်လိုင်တယ်......
မန်းလေး အလှူ ထူုံစံ အရ ကြက်ဆီထမင်းကျွေးတာဆိုတော့ ကျွန်တော် သွေးတက်မယ်ဆိုး၍ နည်းနည်းဘဲ စားဖို့ စဉ်းစားလိုက်တယ်.....,
ရှင်းကလည်း သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေတဲ့အချိန်ဆို အဖော်မရှိ၍ ဖုန်းကိုပွတ်ဖို့ စဉ်းစားမိတာနဲ့ ဖုန်းဖွင့်ကာ Facebook ပွတ်နေလိုက်တယ်.......
'ရှင်း နေကောင်းတယ်နော် မတွေ့တာတောင်ကြာပြီနော် ရှင်း'
ရုတ်တရက် ရှင်းကို နှုတ်ဆက် စကားပြောသံ ကြားလိုက်တော့ ထုံစံအတိုင်း သူငယ်ချင်းဘဲနေမှာပါဆိုတဲ့ စိတ်နဲ့ ဖုန်း ဆက်သုံးနေခဲ့ပေမယ်......
ဘေးနားမှာ ကြားနေရတဲ့ အသံက ရင်းနှီးနေသယောင်ယောင်.....
ကြားဖူးနေသယောင်ယောင်.....
'ဟဲ့ ထက်ဝဠာ နင် မကုန်သေးဘူး ဆက်မစားတော့ဘူးလား'
'အေး'
ရှင်း ကို စကားပြန်ပြောနေပေမယ့်ဖုန်းကြည့်
နေတာ မပျက်......
'ငါနဲ့ ကို မိတ်ဆက်ပေးရအုံးမယ်'
'ဒါက ငါ့သူငယ်ချင်း ..........တဲ့'
ရုတ်တရက် ဆိုင်းသံ၏အမြင့်သံကြောင့် မကြားလိုက်တော့ အပေါ်ကို မော့အကြည့်.....
ဟင်....သူ.....သူမှ သူအစစ်......
'ခတ္တာ'
'ဟုတ်တယ် ခတ္တာဘဲ'
ကျွန်တော့်ရဲ့ အတွေးတွေထဲ သူဝင်လာပြန်ပြီ.
'ရှင်း ငါကို သူ့နမည်လေးပြန်ပြောအုံး..."
"ဟာ နင်ကလည်း သူ့နမည်က......
ခတ္တာ......"
ကျွန်တော် သိတဲ့ ခတ္တာ.....
ကျွန်တော် အရမ်းတွေ့ချင်နေခဲ့တဲ့ ခတ္တာ.....
ကျွန်တော် အံအားသင့်စွာဘဲ
ခတ္တာ ဆိုတဲ့ သူ့ရဲ့ မျက်နှာကို ကြောင်ကြည့်နေခဲ့မိတယ်.........
YOU ARE READING
ဖြစ်ခွင့်ရမယ်ဆိုရင်
Romanceကျွန်တော်သာ ဖြစ်ခွင့်ရမယ်ဆိုရင်..... သူလည်း ကျွန်တော့်အတွက် ဖြစ်ခွင့်ရခဲ့မှာ....