Haneda လေဆိပ်အတွင်း ကိုရီးယားလေကြောင်း
လိုင်းမှ ရောက်လာသူကို စောင့်ဆိုင်းနေရသည်မှာ
သိပ်ကို စိတ်ရှုပ်ဖွယ်ကောင်းသည် ။Tokyo (တိုကျို ) မြို့ရဲ့ အအေးဓာတ်က Kyoto(ကျိုတို)
မှာလောက် မအေး ။ မြို့ကြီးဖြစ်တဲ့အလျောက် ထူထပ်တဲ့
လူအုပ်ကြီးတွေ ၊ ကျပ်တည်းတဲ့ ကားလမ်းတွေနဲ့ ပူနွေးမှုက
ဆောင်းရာသီရဲ့ အအေးဒဏ်ကို သိပ်မမှုပေ။ထို့ကြောင့်လည်း လေဆိပ်ထဲဝင်မနေပဲ အပြင်က ကားအနားမှာသာ စောင့်နေလိုက်သည် ။
ရောက်လာမဲ့သူကို မကြိုဆိုချင်တာလည်း ပါမည်။
နာရီဝက်အကြာမှာ မိမိရဲ့အဖေဖြစ်သူနဲ့ အတူပါလာတဲ့
ကိုရီးယားကောင်လေး ( ဟန်းဂုသား ) တို့ ခရီးဆောင်
အိတ်တွေနဲ့ ထွက်လာကြသည် ။ ဒီနှစ်ဆို အထက်တန်း
ဒုတိယနှစ် တက်မယ်ဆိုတဲ့ ကောင်လေးက အခုထိ
ဟိုးအရင်က အရပ်တိုင်းပဲ ရှိသေးသည်။ မသိရင်
အလယ်တန်း ကျောင်းသားနဲ့တောင်မှားချင်မှားကြလိမ့်မည်။အဖေကတော့ နှုတ်ဆက်ပေးဖို့ ကောင်လေးလက်ကို
ဆွဲပြီး လာခဲ့ပေးမဲ့ သူကတော့ မသိကျိုးကျွံပြုပြီး
ကားထဲ ဝင်ထိုင်လိုက်သည် ။ဒီလောက်ဆို သူ့ကို မကြိုဆိုချင်မှန်း သိကောင်းပါရဲ့ !
အဖေနဲ့ သူ အိတ်တွေကို ကားအနောက်ခန်းထဲ
ထည့်ကြရင်း ရယ်ရယ်မောမော ပြောသံတွေ
ကြားတော့ မသိစိတ်က လက်သီးကို အလိုလိုဆုပ်မိလျက်သား ဖြစ်သွားသည် ။Byun Baekhyun ဆိုတဲ့ ကောင်လေး
အကြောင်းကို စ သိရတဲ့ နေ့တည်းက
Chanyeol ရင်ထဲက ခါးသီးမှုက
ရှိနေပြီ ဖြစ်သည် ။ထိုကောင်လေး၏ အမေနှင့် မိမိအဖေက ငယ်ကျွမ်းတွေ
ဖြစ်ခဲ့ကြသည့် အလျောက် အသီးသီးအိမ်ထောင်ပြုသွား
ကြတာတောင် မောင်နှမတွေလို ဆက်ရှိခဲ့ကြသည်။ထိုအကြောင်းအရာက သွေကင်ဆာရှိတဲ့ အမေအတွက်
ပူဆွေးမှုတစ်ခုလို ဖြစ်ခဲ့ပြီး ဟန်းဂုက သူတို့သားအမိ
ဒုက္ခရောက်တိုင်း အဖေကအမြဲ လိုက်ကြည့်ပေးတက်
လေသည် ။ Chanyeol နားလည်လာတဲ့ အရွယ်
ရောက်လာတော့ အဖေကိုရီးယားကို သွားတိုင်း သူပါ
လိုက်လာတက်သည် ။
YOU ARE READING
Starry Night
General Fiction"ဒီမှာ နှင်းတွေပဲ ရှိတယ် ။ မင်း မြင်ချင်တဲ့ ကြယ်တွေစုံတဲ့ကောင်းကင်ဆိုတာ ဒီမှာမမြင်ရဘူး" တဲ့ ! ဒါပေမဲ့ ကြယ်တွေစုံမှ ကျနော် Hyung ကို ချစ်တယ်လို့ပြောမယ်။ ကျနော့်ကို မုန်းတဲ့ hyung အတွက် ကြယ်လေးတွေက နှင်းတွေ ကြားကနေ ကျနော့်ကို အားပေးလိမ့်မယ် ။ hyung...