Pa ခရီးသွားတာ ၃ ရက်ကြာခဲ့ပြီး တစ်အိမ်ထဲ
နေတဲ့ လူနှစ်ယောက်မှာလည်း တစ်ခန်းထဲ
နေတာတောင် ညအိပ်ချိန်မှ တစ်ယောက်မျက်နှာ
တစ်ယောက် မြင်ရသည် ။နေ့ခင်းဘက်တွေမှာ Chanyeol က သူ့စတိုဒီယို
ထဲမှာပဲ တစ်နေကုန် ပရိဘောဂ ဒီဇိုင်းတွေ ဖန်တီး
နေသလို Baekhyun ကတော့ အိမ်ခြံဝန်းထဲက
နှင်းတောတွေထဲမှာ ကျုးလစ်ပန်းတွေ နဲ့ နှင်းပန်းတွေ
အပြင် ma ကြိုက်တက်တဲ့ ဒေစီပန်းတွေကိုပါ
စိုက်နိုင်နေသည် ။နှင်းတောထဲ မစိုက်နဲ့ လို့ Chanyeol ဘယ်လောက်
ပြောပြော Baekhyun ကတော့ ခေါင်းမာမာနဲ့
ထပ်ပြီး စိုက်နေဆဲပဲ ။ နှင်းမိုးတွေ အဆက်မပြတ်
ရွာနေတဲ့ အချိန် ထီးတစ်လက်နဲ့ နှင်းထုပြင်ကြီးထဲမှာ
မျိုးစေ့တွေ ရအောင် စိုက်ပျိုးနေတဲ့ Baekhyunကို
Chanyeol စတူဒီယို ထဲကနေ ကြည့်နေရင်း
သက်ပြင်း ချနေရသည်။Chanyeol ဘာပြောပြော နားထောင်တက်ပေမဲ့
သူ့ပန်းတွေနဲ့ ပတ်သက်လာရင်တော့ ခွန်းတုံ့ခံ
ပြန်ပြောတက်ပြီး ခေါင်းမာမာနဲ့ ရအောင်လုပ်
တက်သေးသည် ။" Baekhyun....လာခဲ့တော့ !!! "
နှင်းတောထဲ ထိုင်ရက်ချောလဲ သွားတဲ့ Baekhyun
ကြောင့် Chanyeol စတူဒီယို ထဲက ထွက်ပြီး
လှမ်းခေါ်ရတော့သည် ။" ခုချက်ချင်း လာ ! "
" လာပြီ ... လာနေပြီ... "
ခြေသလုံးထိ ရောက်နေတဲ့ နှင်းထုကြီးကြား
ပုတက်တက်နဲ့ ကားယား ကားယားလာနေရတဲ့
Baekhyun ပုံစံက အင်္ကျီထူကြီးတွေနဲ့
ထီးတစ်ဖက်နဲ့ ကိုးရိုးကားယားနိုင်လွန်းသည်။အနားရောက်လာတဲ့ Baekhyun ကို အိမ်အမိုးထဲ
ဆွဲခေါ်လာပြီး လက်အိတ်ကို ဆွဲချွတ်ကြည့်လိုက်တော့" ကြည့်စမ်း ... မင်းလက်တွေ ..."
အေးစက်ပြီး တောင့်ခဲနေတဲ့ လက်ဖျားတွေ ။
Baekhyun ကို အိမ်ထဲဆွဲခေါ်သွားပြီး
၂၄ နာရီ မီးမွှေးထားတဲ့ မီးဖိုကြီးအနား ဆွဲခေါ်
သွားပြီး လက်တွေကို မီးကင်ပေးထားရတယ် ။
YOU ARE READING
Starry Night
General Fiction"ဒီမှာ နှင်းတွေပဲ ရှိတယ် ။ မင်း မြင်ချင်တဲ့ ကြယ်တွေစုံတဲ့ကောင်းကင်ဆိုတာ ဒီမှာမမြင်ရဘူး" တဲ့ ! ဒါပေမဲ့ ကြယ်တွေစုံမှ ကျနော် Hyung ကို ချစ်တယ်လို့ပြောမယ်။ ကျနော့်ကို မုန်းတဲ့ hyung အတွက် ကြယ်လေးတွေက နှင်းတွေ ကြားကနေ ကျနော့်ကို အားပေးလိမ့်မယ် ။ hyung...