Starry Night

13.6K 962 15
                                    

Haneda ​လေဆိပ်​အတွင်း ကိုရီးယား​လေ​ကြောင်း
လိုင်းမှ ​ရောက်​လာသူကို ​စောင့်​ဆိုင်း​နေရသည်​မှာ
သိပ်​ကို စိတ်​ရှုပ်​ဖွယ်​​ကောင်းသည်​ ။

Tokyo (တိုကျို ) မြို့ရဲ့ အ​အေးဓာတ်​က Kyoto(ကျိုတို)
မှာ​လောက်​ မ​အေး ။ မြို့ကြီးဖြစ်​တဲ့အ​လျောက်​ ထူထပ်​တဲ့
လူအုပ်​ကြီး​တွေ ၊ ကျပ်​တည်းတဲ့ ကားလမ်း​တွေနဲ့ ပူ​နွေးမှုက
ဆောင်းရာသီရဲ့ အ​အေးဒဏ်​ကို သိပ်​မမှု​ပေ။

ထို့​ကြောင့်​လည်း ​လေဆိပ်​ထဲဝင်​မ​နေပဲ အပြင်​က ကားအနားမှာသာ ​စောင့်​​နေလိုက်​သည်​ ။

ရောက်​လာမဲ့သူကို မကြိုဆိုချင်​တာလည်း ပါမည်​။

နာရီဝက်​အကြာမှာ မိမိရဲ့အ​ဖေဖြစ်​သူနဲ့ အတူပါလာတဲ့
ကိုရီးယား​ကောင်​​လေး ( ဟန်းဂုသား ) တို့ ခရီး​ဆောင်
အိတ်​​တွေနဲ့ ထွက်​လာကြသည်​ ။ ဒီနှစ်​ဆို အထက်​တန်း
ဒုတိယနှစ်​ တက်​မယ်​ဆိုတဲ့ ​ကောင်​​လေးက အခုထိ
ဟိုးအရင်​က အရပ်​တိုင်းပဲ ရှိ​သေးသည်​။ မသိရင်
အလယ်​တန်း ​ကျောင်းသားနဲ့​တောင်​မှားချင်​မှားကြလိမ့်​မည်​။

အ​ဖေက​တော့ နှုတ်​ဆက်​​ပေးဖို့ ​ကောင်​​လေးလက်​ကို
ဆွဲပြီး လာခဲ့​ပေးမဲ့ သူက​တော့ မသိကျိုးကျွံပြုပြီး
ကား​ထဲ ဝင်​ထိုင်​လိုက်​သည်​ ။

ဒီ​လောက်​ဆို သူ့ကို မကြိုဆိုချင်​မှန်း သိ​ကောင်းပါရဲ့ !

အ​ဖေနဲ့ သူ အိတ်​​တွေကို ကားအ​နောက်​ခန်းထဲ
ထည့်​ကြရင်း ရယ်​ရယ်​​မော​မော ​ပြောသံ​တွေ
ကြား​တော့ မသိစိတ်​က လက်​သီးကို အလိုလိုဆုပ်​မိလျက်​သား ဖြစ်​သွားသည်​ ။

Byun Baekhyun ဆိုတဲ့ ​ကောင်​​လေး
အ​ကြောင်းကို စ သိရတဲ့ ​နေ့တည်းက
Chanyeol ရင်​ထဲက ခါးသီးမှုက
ရှိ​နေပြီ ဖြစ်​သည်​ ။

ထို​ကောင်​​လေး၏ အ​မေနှင့်​ မိမိအ​ဖေက ငယ်​ကျွမ်း​တွေ
ဖြစ်​ခဲ့ကြသည့်​ အ​လျောက်​ အသီးသီးအိမ်​​ထောင်​ပြုသွား
ကြ​တာ​တောင်​ ​မောင်​နှမ​တွေလို ဆက်​ရှိခဲ့ကြသည်​။

ထိုအ​ကြောင်းအရာက ​သွေကင်​ဆာရှိတဲ့ အ​မေအတွက်
ပူ​ဆွေးမှုတစ်​ခုလို ဖြစ်​ခဲ့ပြီး ဟန်းဂုက သူတို့သားအမိ
ဒုက္ခ​ရောက်​တိုင်း အ​ဖေကအမြဲ လိုက်​ကြည့်​​ပေးတက်
လေသည်​ ။ Chanyeol နားလည်​လာတဲ့ အရွယ်
ရောက်​လာ​တော့ အ​ဖေကိုရီးယားကို သွားတိုင်း သူပါ
လိုက်​လာတက်​သည်​ ။

Starry Night Where stories live. Discover now