Baekhyun အတန်းဆင်းလာတော့ ဆရာရဲ့
ရာသီဥတု သတိပေးသံကြောင့် Pa ပေးလိုက်တဲ့
မာဖလာလေးကို လည်ပင်းထက် ထူထူလေး
ပေးလိုက်ပြီး အခန်းအပြင်ကို ထွက်လာခဲ့တယ်။အခန်းအပြင်မှာ Chanyeol ကို တွေ့လိုတွေ့ငြား
လိုက်ရှာကြည့်တော့ လှေကားထောင့်စွန်းမှာ သူ့
အပေါင်းအသင်း တွေနဲ့ ရပ်ပြီးစကားပြောနေတာ
တွေ့လိုက်ရတယ် ။ Chanyeol လည်း သူ့ကို
မြင်မှ လှေကားအောက်ကို ဆင်းသွားလေတော့
Baekhyun မှီအောင် မနည်းလိုက် ရပြန်တယ်။ကျောင်းဂိတ်ဝကနေ လမ်းမကြီးမရောက်ခင်အထိ
သူ့ဘော်ဒါတွေနဲ့အတူ လမ်းလျောက်ပြန်ကြတာ
ကြောင့် Baekhyun လည်း Chanyeol
အနားကနေ တိတ်တဆိတ် လမ်းလျောက်လာတယ်။သူတို့ပြောနေတဲ့ ဂိမ်းအကြောင်းတွေ ၊ ရန်ပွဲတွေ
စာမေးပွဲအကြောင်းတွေကို Baekhyun
နားလည်အောင် မနည်း လိုက်နားထောင်နေရတယ်။Baekhyun နဲ့ Chanyeol အပါအဝင်
စုစုပေါင်း လူ ၅ယောက် ရှိတဲ့ အထဲ နောက်ထပ်
မိန်းကလေး ၃ယောက်လည်း သူတို့နဲ့အတူ
လမ်းလျောက်လိုက်လာကြတယ် ။Baekhyun က Hanna နဲ့ Chanyeol
တို့ကြားမှာ လမ်းလျောက်နေတာကြောင့် ဟန်နာရဲ့
သူငယ်ချင်းမ တစ်ယောက်က မျက်နှာအရိပ်အကဲ
ပြကာ အလယ်ကနေ ဖယ်ထွက်ခိုင်းနေတာကို
တွေ့ရတယ် ။ ဒီကိစ္စ အတွက် Baekhyun
ဘာမှ မထိခိုက်တာမို့ လမ်းလျောက်နေရင်း သူများ
တွေထက် ခြေလှမ်းနှေးလိုက်ပြီး နောက်ကျကျန်ရစ်
ပေးလိုက်တယ်။အလယ်က သူပျောက်သွားတာနဲ့ ရှေ့မှာရှိနေတဲ့
ကျောပြင်နှစ်ခုက မထိကပ်ပေမဲ့ နီးစပ်သွားကြတယ်။နာကျင်ပေမဲ့ ဒါဟာ အမှန်တရားပဲ !
အတင့်ရဲပြီး ရောက်လာခဲ့တာ ဒီလိုလိုက်ဖက်လွန်းတဲ့
ပုံရိပ်နှစ်ခုကို ခွဲခွာဖို့မှ မဟုတ်တာ ။ ရင်ဘက်ထဲက
ပြင်းပြင်းပျပျ တောင်းဆိုလာတဲ့ ခံစားချက်လေးတစ်ခု
ကြောင့်နဲ့ တစ်စိမ်းမြေပြင်ပေါ်ရောက်လာတဲ့အထိ....
YOU ARE READING
Starry Night
General Fiction"ဒီမှာ နှင်းတွေပဲ ရှိတယ် ။ မင်း မြင်ချင်တဲ့ ကြယ်တွေစုံတဲ့ကောင်းကင်ဆိုတာ ဒီမှာမမြင်ရဘူး" တဲ့ ! ဒါပေမဲ့ ကြယ်တွေစုံမှ ကျနော် Hyung ကို ချစ်တယ်လို့ပြောမယ်။ ကျနော့်ကို မုန်းတဲ့ hyung အတွက် ကြယ်လေးတွေက နှင်းတွေ ကြားကနေ ကျနော့်ကို အားပေးလိမ့်မယ် ။ hyung...