နွေဦး၏ လေပြေလေညှင်းတွေဟာ ပန်းပေါင်းစုံ လှပလွန်းတဲ့ Be Loved ပန်းခင်းကြီးထဲ ဝင်ရောက်ကျီစယ် ပြီးလျှင် ရိုးရာအိမ်ကြီးထဲသို့ ပန်းဝတ်မှုံ ့ရနံ့တွေကို သယ်ဆောင် ပေးပြန်သည်။
ပန်းခင်းကြီးနဲ့ ထောင့်ကျရာဘက်တွင် တည်ရှိနေသည့် Chanyeol ရဲ့စတူဒီယိုကြီးသည်် သစ်ပေါင်းစုံ၏ အနံ့အသက်များအပြင် မကြာမကြာ တိုက်ခတ်လာ တက်သည့် လေအဝှေ ့တွင် ပန်းရံနံ့ပေါင်းစုံလည်း ရတက်သေးသည်။ ပန်းရံနံသင်းသင်း ရတက်တိုင်း အပြုံးချိုချိုနဲ့ ပန်းပျိုးသူလေးကိုပါ တွဲပြီး မြင်ယောင် လာစေသည်။
ပန်းပျိုးသူလေးသည် နေ့မအား၊ ညမအား ပန်းခင်းလေးထဲ အချိန်ဖြုန်းတက်သူဖြစ်ရာ အကူဝန်ထမ်းနှစ်ယောက် ကတော့ မဖြစ်မနေ ထားရမည်ဟု ဆူပူပေးမှ လက်ခံလေသည်။ ဝါသနာအရ လုပ်ကိုင်နေသူ ဖြစ်တာကြောင့် အကူ ဝန်ထမ်းလေးတွေထက် သူက ပိုပြီး သွက်လက်သည်။
ယခုတွင်လည်း ပန်းခင်းကြီးအလယ်မှာ ဝယ်သူ စိတ်တိုင်းကျ ပန်းပင်တွေကို လိုက်ပြပေးပြီး စိုက်ပျိုးပုံ အဆင့်ဆင့်ကိုလည်း ပြောပြပေးနေသည်ကို သူ့စတူဒီယို ထဲကနေ လှမ်းမြင်နေ ရသည်။
" ရှင့်မှာလဲ အမြဲမြင်နေရတဲ့သူကိုလည်း
မလွတ်တမ်း ငေးနေတာပဲလား.."Baekhyun ကို ငေးကြည့်နေရင်းမှ Chanyeol စတူဒီယိုအတွင်း ဝယ်လက်တွေနဲ့ ဈေးညှိနေသည်ကို ပြန်သတိရလာပြီး ရှက်ပြုံးပြုံးရတော့သည်။
" ဒါဆို...ပုံကြမ်းကို သဘောကျရဲ့လာား "
" သဘောကျတာပေါ...ဈေးလဲအတန်သင့်ပဲမို့
စက်ရုံကို အရေအတွက်ပြောပြီး ထုတ်ပေးရုံပဲ"" ဟုတ်ပြီ...ကျွန်တော် ကုန်ကြမ်းကို
သေချာ ထုတ်ပိုးပေးလိုက်ပါမယ်..
ဒီဇိုင်းနဲ ့ ပတ်သတ်ပြီး အခက်အခဲ ရှိခဲ့ရင်
အချိန်မရွေး ဆက်သွယ်ပါ "" ဟုတ်ကဲ့ပါ...ဒီဇိုင်းက လုံးဝကိုအဆင်ပြေပါတယ်နော်
နာမည်ကြီး ဒီဇိုင်းနာကြီးက စိုးရိမ်တက်လိုက်တာ "မန်နေဂျာအမျိုးသမီးသည် ဖော်ဖော်ရွေရွေ ပင်။ ဒီဇိုင်းဆွဲပြီး ကိုယ်တိုင်ထုဆစ်ထားသည့် စားပွဲနှင့်ထိုင်ခုံတို့ကို အသင့်ပါလာသည့် အလုပ်သမားတွေကို ထုတ်ပိုးပြီး စက်ရုံဆီ ပို့ခိုင်းတော့သည်။
YOU ARE READING
Starry Night
General Fiction"ဒီမှာ နှင်းတွေပဲ ရှိတယ် ။ မင်း မြင်ချင်တဲ့ ကြယ်တွေစုံတဲ့ကောင်းကင်ဆိုတာ ဒီမှာမမြင်ရဘူး" တဲ့ ! ဒါပေမဲ့ ကြယ်တွေစုံမှ ကျနော် Hyung ကို ချစ်တယ်လို့ပြောမယ်။ ကျနော့်ကို မုန်းတဲ့ hyung အတွက် ကြယ်လေးတွေက နှင်းတွေ ကြားကနေ ကျနော့်ကို အားပေးလိမ့်မယ် ။ hyung...