Part- 8

3.2K 264 8
                                    

ရေကန်ထဲမှာပေါ်နေတဲ့ ကိုယ့်ကိုကိုယ် ငုံ့ကြည့်မိလိုက်တော့ ဘေးက ထိုစိတ်ပျက်ဖွယ်မိန်းကဘေးပြောနေတာတွေက နားထဲ မဝင်တချက်ဝင်တချက်။

"အကို.......!!!"

".........."

"ကိုရွက်ပျို!"

ရွက်ပျိုရဲ့ ဝိုင်ခွက် အင်းးးးး....ပြောရရင်တော့ အတင်းလက်ထဲထိုးထဲ့ပီး ကိုယ့်ဝိုင်ခွက်ဖြစ်အောင် လုပ်ယူခံထားရတဲ့ ဝိုင်ခွက်ပေါ့လေ...အ့မိန်းကလေးက သူ့ဝိုင်ခွက်နှုတ်ခမ်းနဲ့ ရွက်ပျိုဝိုင်ခွက်နှုတ်ခမ်းကို cheer လုပ်သလို ခွပ် ခနဲ လာတိုက်တော့မှ ရေကန်ကို ကြည့်နေတဲ့ အကြည့်တွေကို direction ပြောင်းလိုက်မိသည်။

"ခင်ဗျာ?"

"အာ...အကို က ဘာတွေစဉ်းစားနေတာလဲလို့...ဒီမှာဏီ ကတော့တယောက်ထဲ စကားပြောနေသလိုပဲ"

"Sorry ပါဗျာ ကျနော် နည်းနည်းအတွေးလွန်နေလို့"

"ကိုရွက်ပျို ရဲ့နာမည်လေးက ဆန်းတယ်နော်"

"အမ်....အော် ဟုတ်ကဲ့ အမေက ကဗျာဆန်ရတာသဘောကျတယ်လေ ကျနော်တို့နာမည်ကို ကဗျာဆန်ဆန် ပေးခဲ့တာ"

"ကျနော်တို့ ဆိုတဲ့ စကားအရ ကိုရွက်ပျိုကတဦးတည်းသောသားတော့ မဟုတ်လောက်ဖူး and ပေးခဲ့တာဆို တဲ့စကားအရ အကို့ အမေကဆုံးသွားပီ?? Am I right?"

ဟိုက်ရှားဘား!! ဒေါက်ဖိနပ်ကြီးစီးထားသဖြင့် ရွက်ပျို လို ၆ပေ နီးပါး အရပ်ကိုမတိမ်းမယိမ်း ဖြစ်နေသော အနှီ မိန်းကလေး၏ စကေးကိုတော့ ရွက်ပျိုနည်းနည်းဖျားသွားသည်။

"ဟား....မင်း ကဘာနဲ့များကျောင်းပီးထားသလဲ ပဲ"

"ဏီ လား?? ကိုရွက်ပျိုက စိတ်ဝင်စားတယ်ပေါ့"
ခုနက အထင်ကြီးမိတာတွေ ရွက်ပျိုဆီကနေ ထွက်ပြေးသွားသည်။

"ကိုရွက်ပျို.."

"အော်...ခမ်း ဏီ့ ကိုလာရှာတာလား"

ရွက်ပျိုကို ခေါ်ပီး ဝဏ္ဏနဲ့ အတူ ရေကန်နားလျှောက်လာသော ခမ်းနားခန့် သက်ပြင်းခိုးချလိုက်ကို ရွက်ပျိုရော ဝဏ္ဏပါ မြင်လိုက်သည်။ ဟိုကလေးမတော့ မြင်မည့်ပုံမပေါ်။

"အင်းးး ဟုတ်တယ်....ကိုရွက်ပျို ကိုရော လာခေါ်တာ" ခမ်းနားခန့် အကောင်းဆုံးဖြစ်မည်ထင်သည့် အဖြေ ကိုပဲ ပေးလိုက်သည်။

Hiatus (နူးညံ့သောအမိန့်တော်အတိုင်း)Место, где живут истории. Откройте их для себя