Part-9

3.1K 331 12
                                    

"အခုကရော ဘာလာလုပ်တာလဲ"
ရွက်ပျို အိမ်ထဲဝင်လိုက်ပီ ထိုသူ့ရှေ့က ခုံတွင်ဝင်ထိုင်ရင်းမေးလိုက်သည်။

ရွက်ပျိုရှေ့က လူက ရွက်ပျိုကို ၁ချက်ကြည့်ကာ ပြုံးရင်း "နွယ်...ဖေဖေ့ဆီ လာပါဦး မီးငယ်"

၁နှစ်တခါတောင် မှန်မှန်လာမတွေ့ခဲ့သော အဖေ...ငယ်စဉ်တည်းက ထားရစ်ခဲ့ပီး ၆နှစ်နေမှ ပထမဆုံးအကြိမ် မျက်နှာလာပြသော အဖေဖြစ်သူအား မမုန်းရက်နိုင်သော နွယ်...။ ရွက်ပျို ကတော့ မုန်း သည်။ နွယ့် ကိုမွေးပီးသိပ်မကြာဘူး အဖေ့ကို အရေးတကြီး နှင့် ကားကြီးနဲ့လာခေါ်သော အဖွား နောက် လိုက်သွားခဲ့သည်။ ရွက်ပျို ထိုအချိန်တွင် ၁၀ နှစ် သား...။ ငိုယိုပီးတားခဲ့ဖူးသည်။ ခြေကန်ပီးဆွဲထားဖူးသည်။ ကားနောက်ပြေးလိုက်ပီးငိုယိုနေခဲ့ဖူးသည်။ ဒါပေမဲ့ လှည့်မကြည့်ခဲ့...။ သူ၁၀နှစ်သား နွယ် လ သားလောက်ထဲက ထွက်သွားခဲ့သော အဖေကို ရွက်ပျို ဆယ်တန်းအောင်စာရင်းထွက်တဲ့အထိစောင့်နေခဲ့ဖူးသည်။ ရွက်ပျို ဆယ်တန်းတွင်တော့ အဖေပြန်လာမည်ဟုမျှော်လင့်ခဲ့သည်။ ဒါပေမဲ့ ပေါ်မလာခဲ့...။ နွယ် ၁၀နှစ် ၅တန်း တတ်နေချိန်တွင် ပထမဆုံး ရွက်ပျိုတို့ရှေ့ကို နောက်ဆုံးပေါ်ကားကြီးပေါ်ထိုင်ပီးရောက်လာခဲ့သည့် အဖေ ကို ရွက်ပျိုမုန်းသည်။

"သမီးမနှစ်က ဆယ်တန်း ဘာလို့မဖြေတာလဲ...ဟမ်...အခုဆို ၁၇တောင် ပြည့်တော့မယ်...ကျောင်း နေတုန်းကတည်းကတနှစ်အောက်ထားတာကို ၁၀တန်းပါ တနှစ်ထပ်အောက်သွားပီ"

ဒီမေခွန်းက ရွက်ပျို အရှိုက်ကို ထိစေသည်။ အဖေ့ဘေးကထိုင်ခုံမှာဝင်ထိုင်နေသော ပိုးဟပ်ဖြူ မလေး နွယ်ကိုလှမ်း ကြည့်လိုက်မိ သည်။

"အဖေ ကဖြင့် ဒီမှာ မရှိနေပဲနဲ့...။ ကိုကြီး တယောက်ထဲ ရုန်းကန်နေရတာ နွယ့်ကျောင်းစားရိတ်ကလဲ ဆယ်တန်းဆိုတာလွယ်တာမဟုတ်ဖူးလေ ဒီကြားထဲနွယ်က အူရောင်ငန်းဖျားဖြစ်တယ်လေ ကိုကြီး အများကြီး ပင်ပန်းရတယ် သမီးစာမေးပွဲ ဖြေလဲ ကျမှာ ဆေးရုံမှာတော်တော် ကြာကြာ သောင်တင်နေတာကိုး အ့တာကြောင့် ဒီနှစ်မှသေချာ ဖြေမလို့ ဆေးကျောင်းဝင်အောင်"
နွယ့်စကားဆုံးသည်နှင့် ကျတော့ဘက်လှည့်ပီး...

Hiatus (နူးညံ့သောအမိန့်တော်အတိုင်း)Nơi câu chuyện tồn tại. Hãy khám phá bây giờ