Part-17

3K 251 12
                                    

မြ အလန့်တကြားနဲ့ နေမာန့်ကို ကြည့်မိသည်။ နေမာန် ဘာတွေတွေးနေတာလဲ? မနေခြည် ဆီသွားတွေ့ခဲ့ရင်....

"ဟင့်အင်း...မသွားဘူး....မသွားဘူးနေမာန်။ နင်လဲ မနေခြည်ကိုကြောက်သလို ငါလဲ ကြောက်ရတယ်။ နင် ဘာသွားပြောချင်တာလဲ"

နှင်းညိုပြောလိုက်တော့မှ နေမာန်တစ်ယောက် လုံးဝ ငြိမ်ကျသွားသည်။ မြ လဲသိနေသည်။ မနေခြည်ကို နေမာန် ချစ်ကြောက်ရိုသေ ရသည်လေ။

"ကဲ...မိနှင်းညို ညည်းလဲ မငိုနဲ့တော့...နေမာန်လဲ ဘာမှဖြစ်မနေနဲ့တော့ ဗိုလ်နေမြဲကျားနေမြဲတိုင်း သာနေကျ ဘာမှဖြစ်မနေကြနဲ့ ဟုတ်ပလား။ မနက်ဖြန် ဖြေရမဲ့ စာမေးပွဲကိုသာ အပြည့်အဝ အာရုံစိုက်ကြချေ။ ကြားလား။ အခုတော့ ပြန်ကြမယ်"

မြလေး ဝင်ပြောတော့မှ စာမေးပွဲ ကိုအာရုံပြန်ရောက်ပီး ပြန်ဖို့ပြင်ဆင်ကြတော့သည်။

"ဟဲ့....တို့တွေ စာမေးပွဲ ပီးရင် မှတစ်ပါးအခြားမရှိ ဆိုတဲ့ ရုပ်ရှင်ကြည့်ရအောင်။ မြင့်မြင့်ခင် အကယ်ဒမီရသွားတဲ့ကားလေ။ ပြန်ပြနေတယ်တဲ့"
မြ က ကျောင်းထဲကအထွက် တိုင်ပင်သလို လှမ်းပြောတော့ နှင်းညို က လွယ်အိတ်လေးကို ကိုင်ထားရင်းမှ

"ဟုတ်လား။ ငါလဲ အရမ်းကြည့်ချင်နေတာ..." ဟု ဝင်ပြောတော့ မနေနိုင်တော့သော နေမာန်ကပဲ အာမခံ ရသည်။ ဒီသူငယ်ချင်းမတွေအကြောင်း သူသိသည်လေ။

"အေးပါ အေးပါ စာမေးပွဲပီးရင် ငါလိုက်ပြမယ်။ ဟုတ်ပလား"

၈ တန်း စာမေးပွဲကြီးဖြေဆိုပီးချိန်တွင် နွေရာသီ ကို ဖြတ်ကျော်ရသည်။ မြ နှင့် တစ်မှတ်တိုင် မျှသာဝေးသော နေမာန် နဲ့ နှင်းညို ရှိရာကို မကြာခဏ လာလည်ဖြစ်ပီး သွားရင်း ကစားရင်းနှင့်ပင် နွေရာသီ ကြီးကုန်ဆုံးသွားလေသည်။

၉ တန်း စတတ်တော့ ကျောင်းသားသစ်တွေ တော်တော်တွေ့ရသည်။ ထိုအထဲတွင် တည်မြဲ ဆိုသော တစ်ယောက်နှင့် နေမာန် တော်တော်ပေါင်းမိကြသည်။ သိပ်မကြာခင်တွင် နေမာန့် သူငယ်ချင်းအဖြစ်မှ နှင်းညိုတို့ မြ တို့ သူငယ်ချင်းအဖြစ် ပါ ရောက်ရှိလာတော့သည်။ အထက်တန်းသည် အလယ်တန်းနှင့် လားလားမျှမဆိုင်ပဲ စာတွေအများကြီး သင်ယူရဖြင့်...အရင်လို လျှောက်သွားမနေဖြစ်တော့။ ကိုးဘာသာ စလုံးကို အလျဉ်မှီအောင်မနည်းလုပ်ရသည်။ (အဲ့နှစ်တွေမှာ ပညာရေးက မတူပါဘူး။ ပထဝီရော သမိုင်းရော ဘောဂ ရော ဇီဝရော အကုန်သင်ရတာပါ)

Hiatus (နူးညံ့သောအမိန့်တော်အတိုင်း)Opowieści tętniące życiem. Odkryj je teraz