Part-13

2.9K 264 5
                                    

"သားကြီး..."

တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော ဦးနေမာန် အသံ သည် ရှေ့က စားပွဲ ကို ပေါက်ထွက်မတတ်ကြည့်နေသော ရွက်ပျို ကို မော့ကြည့်လာအောင် လုပ်နိုင်လိုက်သည်။ ခမ်းနား ကတော့ မိမိနဲ့ မဆိုင်သလို ခုံ ကို ခပ်မှီမှီ ထိုင်ရင်း အပြင်ဘက် ကိုလှမ်းငေးနေ သည်။

"သား..! အဖေ နဲ့တူတူနေဖို့အဆင်သင့်မဖြစ်သေးရင် နွယ့် ကို စောင့်ရှောက်ခွင့်တော့ အဖေ့ကိုပေးကွာ" တောင်းဆို မှုအပြည့် မျှော်လင့်ချက်အပြည့် ဖြင့် ပြောလာသော စကားသံ။

"ဟား...နှစ်ပေါင်း ၃၀နီးပါး ကျတော်တို့ကို ဖေ့ အသိုင်းအဝိုင်းက လက်မခံပေးနိုင် လို့ ပစ်ထားခဲ့ရတယ် မလား။ အ့လို လူတွေက နွယ့် ကို ကြည်ဖြူ မတဲ့လား ဟမ်??? ကျတော် စိုးရိမ် တာတွေ အများကြီး ဗျ"

"မင်းတွေးသလို အဖေ မတွေးဘူးလို့ ထင်နေတာလား? မင်း အဖွား က အချိန်သိပ်မကျန်တော့ဘူး...သူ အများကြီး လက်ခံနိုင်နေပီ။ သူကိုယ်တိုင်လဲ တွေ့ဖူးချင်နေခဲ့တာ..."

"ဒေါ် နေခြည်မာန် ကရော??"

အပြင်ဘက်ကိုကြည့်ရင်းမှ ပြောလိုက်သော ရွက်ပျိုရဲ့ ခပ်ဖွဖွ စကားသံ ကြောင့် ဦးနေမာန် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ အဟက်...ကျွန်တော် သိတာပေါ့ အဖေ ရယ်! အမလုပ်သူ နေခြည်မာန် ကိုတော့ မကိုင်တွယ်တတ်သေးဘူးမလား?

လာချ တဲ့ ဟင်းပွဲတွေကို ခပ်အေးအေးနဲ့ ဝတ်ကြေတမ်းကြေ စားသောက်နေသော ရွက်ပျို ကို ခမ်းနား တချက် လှမ်းကြည့်လိုက်သည်။ အရမ်း ကိုသွေးအေး တဲ့ပုံဖမ်းထားတဲ့ အကို့ ရင်ထဲမှာ အခု ဘာတွေ ဖြစ်နေမလဲ။ ကိုယ်နဲ့မဆိုင်တဲ့ စကားဝိုင်းထဲမှာလာထိုင်ဖို့ ဒေါက်တာက ဘာလို့များ ဖိတ်ခေါ်ပါလိမ့်?

"ဒေါက်တာ...ကျွန်တော်..."

"သားခန့် ရွက်ပျိုကို ခေါ်ထားပေးလို့ရမလား?"

ရှောင်ထွက်ပေးဖို့ကြံစည်ပီး ထထွက်ရန် ခွင့်တောင်း မလို့လုပ်နေတုန်း ဦးနေမာန် မေးလိုက်တဲ့မေးခွန်းကြောင့် ရွက်ပျိုရော သူပါ အံ့ဩသွားရသည်။

"အဟွတ်!"

ဖေဖေ ဘာတွေ ကြံစည်နေတာလဲပဲ?

" ရပါတယ် ကျွန်တော် hotel ရဲ့ အပေါ်ဆုံးထပ်မှာ တခန်းအားသေးတယ် သူရိန့် အတွက်ဖယ်ထားတာ။ သူရိန် မနေဖြစ်လို့"

Hiatus (နူးညံ့သောအမိန့်တော်အတိုင်း)Où les histoires vivent. Découvrez maintenant