At Kims' Group Company,
အပူပေးစက် ဖွင့်ထားသော်လည်း
အခန်းတွင်းလေထုကတော့
အေးစက်မှုန်မှိုင်းစွာ...
အဖြူနှင့်အနက်ရောင်ကိုသာ
အဓိကအသားပေးပြင်ဆင်ထားသည့်
အခန်းရဲ့interior decorationကလည်း
အေးစက်မှုကိုပိုပြီး
အထောက်အကူပေးနေသည်။မှန်များဖြင့်ကာခြားထားသည့်
အခန်းအတွင်းဖက်က
အနက်ရောင် ကျွန်းသားစားပွဲပေါ်မှာတော့
သပ်ရပ်စွာစီစဉ်ထားတဲ့
စာရွက်စာတမ်းများက အစီအရီရှိနေသလို
စားပွဲထိပ်တွင်တော့ မှန်အကြည်ပေါ်တွင်
ရွေရောင်စာလုံးဖြင့်ပုံဖော်ထားသည့်
CEO JEON JUNGKOOKဆိုသော
Name Plateကလဲခန့်ညားစွာ...။အပြင်ဖက်ဧည့်ခန်းတွင်တော့
မျက်နာချင်းဆိုင်ထိုင်နေသောလူနှစ်ယောက်
ဘာစကားတစ်ခွန်းမှ မဆိုကျဘဲ
တိတ်ဆိတ်ငြိမ်သက်နေလေရဲ့...။Jeon Jungkook.....
မျက်နှာချင်းဆိုင်ဆိုဖာတွင် ခြေချိတ်ထိုင်ရင်း
ဆေးလိပ်သောက်နေသော လူသားကို
သူတိတ်တဆိတ်ကြည့်နေမိသည်။
ပုံမှန်အတိုင်းဆို သူ့ရုံးခန်းတွင်း
ဆေးလိပ်သောက်ဖို့မပြောနှင့်
ရေမွေးနံ့ပြင်းပြင်းနဲ့ဝင်လာရင်တောင်
သူမနှစ်မြို့။သူနဲ့ပတ်သက်သူတိုင်းကလဲ
သူ့ကိုကြောက်ရွံ
လေးစားသူများသာ ဖြစ်သောကြောင့်
သူမကြိုက်သော အရာများကို
တတ်နိုင်သမျှ ရှောင်ကျသူများသာ..။
သူနဲ့ပတ်သက်ဖူးသူတိုင်း
ပြောနေကျစကားတစ်ခုသည်
Don't mess up with Jeon Jungkook or
you will never know tomorrowဆိုတာပင်။အမြဲလို အေးစက်တည်ငြိမ်ပြီး
ခံစားချက်မရှိတဲ့ သူ့ကို
လူတိုင်းကြောက်ကျတာ
သူ့အတွက် အဆန်းမဟုတ်..
အင်းလေ..အခုသူ့အရှေ့ကလူက
တစ်ခြားသူမှမဟုတ်တာ..
တစ်လောကလုံးကိုဂရုမစိုက်တတ်တဲ့
Kim Taehyungဘဲကို....
Kim Taehyungဆိုတာ
ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်
သူလုပ်ချင်တာဘဲ လုပ်တတ်တဲ့လူမျိုးပင်။
ВЫ ЧИТАЕТЕ
Behind Every Mask { COMPLETED }
Любовные романыLove has a powerful way of removing the mask that we all insist on wearing.