Kim Taehyung.....
သူ့အလုပ်အချိန်ဇယားအရသူဒီနေ့သွားစရာမလို
ကျောင်းကလဲနေ့လည်တစ်ပိုင်းသာ
အချိန်လဲအားနေကာ
အိမ်လဲမပြန်ချင်တာကြောင့်
နေ့လည်ကော်ဖီအတူသောက်ဖို့
ကျောင်းကအပြန် jungkookဆီ
သူဝင်လာလိုက်သည်။Jungkookကအချိန်သိပ်မရသလို
သူကလဲဝေးဝေးမသွားချင်တာကြောင့်
လမ်းလျှောက်သွားရင်ရတဲ့
Companyအနားက ကော်ဖီဆိုင်ကိုသာ
နှစ်ယောက်သား ရွေးလိုက်သည်။ရာသီဥတုက မိုးအုံ့ကာအုပ်အုပ်ဆိုင်းဆိုင်းလေး
ကော်ဖီလေး အချိန်ဆွဲသောက်ကာ
ဟိုတွေးဒီတွေး လုပ်ဖို့ကောင်းတဲ့အခြေအနေမျိုး...သို့ပေမယ်လဲ့
ဟိုလူ အချိန်သိပ်မရတာကြောင့်
ကြာကြာပင်မထိုင်လိုက်ရ
သောက်ပြီးတာနဲ့မြန်မြန်သာ
ပြန်လာလိုက်ကြရသည်။"နေ့လည်နေ့ခင်းလဲ breakခဏယူပြီး
ကော်ဖီလေးဘာလေး ထွက်သောက်ဦးသိလား
မင်းကြည့်ရတာ နားချိန်ကိုမရှိဘူး
ဘယ်နှယ့်.....တစ်ချိန်လုံး
အလုပ်ကြီးဘဲလုပ်နေလို့
ဘယ်ဖြစ်မလဲ"ကော်ဖီသောက်ပြီး
နှစ်ယာက်အတူလမ်းလျှောက်ပြန်လာချိန်
သူကအလိုမကျစွာဆူနေပေမယ့်
သူ့ဘေးကရေခဲတုံးကတော့ ဘာမှပြန်မပြော
ပြုံးရုံသာပြုံးနေသည်....။"Hyung သိလား...အခုတလောလေ
hyungကျနော့်ကိုရှောင်နေတယ်လို့
ခံစားရတယ်"ဘာမှမဆိုင်ဘဲ ရုတ်တရက်ကြီးပြောချလိုက်တဲ့
Jungkook စကားကြောင့်
သူကြောင်သွားတယ်။"ငါကဘာလို့ရှောင်ရမှာလဲ
ငါသာမင်းကိုရှောင်နေရင်
ငါ့ဘာသာငါကျောင်းနားကဆိုင်မှာဘဲ
သောက်လိုက်မှာပေါ့
အခုလိုမင်းဆီကို
တကူးတကတောင်လာမနေတော့ဘူး"မျက်နှာမပျက်အောင်ထိန်းရင်း
သူပက်ခနဲ ပြန်ငြင်းတော့
Jungkookဘာမှဆက်ပြောတော့...
သူလဲမသိချင်ယောင်ဆောင်ကာ
ဟိုငေးဒီငေးလုပ်ရင်း
လမ်းဆက်လျောက်လာလိုက်တယ်။
KAMU SEDANG MEMBACA
Behind Every Mask { COMPLETED }
RomansaLove has a powerful way of removing the mask that we all insist on wearing.