Sector_5

360 19 0
                                    

ရှေးဘဝ​ရေစက်​​တွေ​ကြောင့်​ ဆုံစည်းကြ​ပေမဲ့ ​ကောင်း​သော​တွေ့ဆုံခြင်းမဟုတ်​​တော့ အနာဂတ်​​မှာ အမုန်း​တွေ​ကြောင့်​ မဆိုင်​​သောသူ​တွေပါ နာကျင်​ရ​လေတယ်

__________

ဟိန်းမာန်​မိုး ကား​မောင်းကာ ရပ်​ကွက်​တစ်​ခုကို ​ရောက်​ခဲ့တယ်​ သူ့မျက်​နှာထက်​​တွေ အကြံအစည်​​ပေါင်းများစွာနဲ့..၊

*ငါချစ်​တဲ့သူကို ငါပိုင်​ဆိုင်​ဖို့ တရားတဲ့နည်းနဲ့ကြိုးစားတာ ငါ့ဘက်​က မှန်​တယ်​ မြူနှင်းစီး*

စိတ်​ထဲက​နေ တိတ်​တစိတ်​​ရေရွတ်​လိုက်​ပြီး ကားရဲ့မျက်​​စောင်းထိုးမှာရှိတဲ့ အိမ်​​လေးကို ကြည့်​​နေလိုက်​သည်​။

'အ​ဖေ သမီး​ကျောင်းသွား​တော့မယ်​​နော်​'

ခတ္တာ​မေထွက်​သွား​တော့မှ ဟိန်းမာန်​မိုးက အိမ်​ထဲကို ဝင်​လာခဲ့သည်​။

'ဦး​လေး...'

'​အော်​ သား လာ ထိုင်​​လေ'

ခတ္တာ​မေရဲ့အ​ဖေက ​ပြောလိုက်​​တော့ ဟိန်းမာန်​ထိုင်​လိုက်​တယ်​ ပြီးမှ ခတ္တာအ​ဖေက စကားဆက်​သည်​။

'သား သမီး​လေးဆီလာတာလား သမီး​လေးက အခုပဲ ​ကျောင်းသွားတာ သားမ​တွေ့လိုက်​ဘူးလား'

'​တွေ့လိုက်​ပါတယ်​ ဦး​လေး အခုက ခွင့်​​တောင်းစရာရှိလို့ပါ'

'အင်း ​ပြော​လေ သား'

'ဒီလိုပါ ​နောက်​တစ်​ပတ်​ ကျွန်​​တော်​တို့​ကျောင်းမှာ ​ကျောင်းနှုတ်​ဆက်​ပွဲရှိတယ်​ ​ပြောရရင်​ သူငယ်​ချင်း​တွေ ​တွေ့ဆုံပွဲ​ပေါ့ အဲ့ဒါ ​မေနဲ့အတူ အတွဲလိုက်​တက်​ချင်​လို့ ဦး​လေးဆီ လာခွင့်​​တောင်းတာ ​မေ့ကို​ပြောရင်​ ငြင်းမှာဆိုးလို့'

'ရတယ်​​လေ သားရဲ့ ဘယ်​အချိန်​​လောက်​လဲ'

'​ည​နေ ၆နာရီ​လောက်​ပွဲစမယ်​ ကျွန်​​တော်​ ​စော​စောပြန်​ပို့ပါ့မယ်​'

'ဟုတ်​ပြီသား ဦး​လေး သမီးကို ​ပြောထားလိုက်​မယ်​'

'ဦး​လေး ဘယ်​သွားမယ်​ဆိုတာကို ​မေ့ကို မ​ပြောနဲ့​နော်​ သူ့ကို ပွဲထုတ်​မှာဆို​တော့ သူအံ့​ဩသွား​အောင်​လို့ပါ'

Deception of Destiny(ကံကြမ္မာ၏ပရိယာယ် )|OC|Wo Geschichten leben. Entdecke jetzt