Sector_11

305 13 0
                                    

မတူညီတဲ့သူတို့က မတူညီတဲ့​နေရာမှာ မတူညီတဲ့မိသားစု မတူညီတဲ့ပုံစံနဲ့ရှင်​သန်​​နေကြတယ်

___________

'​အ​မေ သား​ကျောင်းသွား​တော့မယ်​​နော်​ တာ့တာ'

အိမ်​​ပေါက်​ဝက​နေ နှုတ်​ဆက်​ပြီးတာနဲ့ ​ကျောင်းဆီကို ချီတက်​ခဲ့သည်​။

နေ့စဉ်​သူ့ရဲ့တာဝန်​က​နေ အိမ်​နဲ့​ကျောင်း ​ကျောင်းနဲ့ကျူရှင်
အမြဲစာ​တွေနဲ့သာ လုံးပန်း​နေရသည်​။

အခုမှ ၇တန်းသာရှိ​သေး​ပေမဲ့ ငယ်​စဉ်​ကတည်း ရည်​မှန်းချက်​နဲ့အတူ အနာဂတ်​မှာစီမံကိန်း​တွေနဲ့အတူ ကြိုးစား​နေရှာသည်​။

မိဘ ပြီးရင်​ ညီမငယ်​ကို ​စောင့်​​ရှောက်​ရမဲ့ အကိုကြီးတစ်​​ယောက်​ဖြစ်​တာ​ကြောင့်​​ပေါ့။

အ​နေ​အေးပြီး တည်​ငြိမ်​သည်​။ စာကလွဲပြီး ဘာမှစိတ်​ထဲမထားတတ်​သူဖြစ်​သည်​။

'​သွေးသစ်​ ​ရောက်​​နေတာကြာပြီလား'

သူရဲ့နာမည်​ ​သွေးသစ်​ရှင်​ဆိုတဲ့နာမည်​ကို အဖျားစွပ်​​ခေါ်ဆိုသံနဲ့အတူ​ရောက်​လာတဲ့ သူ့ရဲ့တစ်​ဦးတည်း​သောသူငယ်​ချင်း ဇွဲအာကာလျှံ။

'အခုမှ​ရောက်​တာ အာကာ'

သူက အမြဲတမ်းစာကိုကြိုစားတတ်​သူဖြစ်​​ပေမဲ့ သူ့​ဘေးနားမှာထိုင်​တဲ့ ဇွဲအာကာလျှံက​တော့ သူ့ရဲ့သူငယ်​ချင်းလို့ မ​ခေါ်ဆိုထိုက်​​လောက်​​အောင်​ တက်​ကြွမှု​တွေနဲ့မိတ်​ဖွဲ့ထားသူဖြစ်​သည်​။

စိတ်​ထား​ကောင်းသည်​။ ပွင့်​လင်းသည်​။ ဒါ့​ကြောင့်​တစ်​ခန်းလုံးနဲ့လဲ ခင်​ခင်​မင်​မင်​ရှိသည်​။ သို့​ပေမဲ့ စာသိပ်​မလုပ်​ဘူး။

'​ဟျောင့်​ မင်းအိမ်​စာပြီးသွားပြီလား'

ကျောင်း​ရောက်​တာနဲ့ စ​မေးတတ်​တာ အဲ့စကား။ ကြာ​တော့ ​သွေးသစ်​ အာကာကို အသည်း​ပေါက်​လာပြီ။

'ဘာလဲ မ​ရေးလာပြန်​ဘူးလား'

'ဟီး..ဟီး ဟုတ်​တယ်​ ပြဦး​နော်​'

ဇွဲအာကာ​ပြော​တော့ ​သွေးသစ်က မျက်​လုံး​စောင်​ကြည့်​ကာ။

Deception of Destiny(ကံကြမ္မာ၏ပရိယာယ် )|OC|Dove le storie prendono vita. Scoprilo ora