Sector_3

528 23 0
                                    

Zawgyi:

တစ်​ခါတစ်​ရံမှာ ရင်​ခုန်​သံရဲ့ကြိမ်​နှုန်းကို အဓိပ္ပါယ်​​ဖော်​မ​ရ​​လောက်​​အောင်​ ဖြစ်​​နေတတ်​တယ်

___________

'ငါ့ရဲ့​မျှော်​လင့်​ချက်​​တွေ​တော့ ဖြစ်​​မြောက်​​တော့မယ်​'

ဟိန်းမာန်​မိုး ပြုံးရွှင်​​သောမျက်​နှာနဲ့ ​ပြောလာ​တော့ ရှိန်းထက်​ယံနဲ့ လျှန်းထက်​မိုတို့လည်း ထပ်​တူထပ်​မျှ ပြုံးလာကာ..။

'ကံကြမ္မာက ​တော်​​တော်​တိုက်​ဆိုင်​တာပဲ မင်းကြိုက်​​နေတဲ့မိန်းက​လေးက မင်းမိဘကုမ္ပဏီဝန်​ထမ်းရဲ့သမီးဖြစ်​​နေတယ်​'

ရှိန်းထက်​ယံ​ပြေပြီးတဲ့​နောက်​ လျှန်းထက်​မိုကလည်း စကားဆက်​လာသည်​။

'မင်းဘယ်​လိုဆက်​လုပ်​ဖို့စိတ်​ကူးထားလဲ'

လျှန်းထက်​မို​မေးလိုက်​တဲ့စကား​ကြောင့်​ မတ်​တပ်​ရပ်​​နေတဲ့ဟိန်းမာန်​မိုးက ဝိုင်းမှာဝင်​ထိုင်​လိုက်​ပြီး...။

'သူ့မိဘက တစ်​ဆင့်​ချဉ်းကပ်​ရမှာ​ပေါ့ ငါစုံစမ်းသိရသ​လောက်​​တော့ ငါ့အ​ဖေကို သူ့အ​ဖေကို အားကိုးတယ်​ ယုံကြည်​တယ်​ အဲ့ဒီ့​တော့ ငါ​တောင်းဆိုရင်​ သူနဲ့ငါ့ရဲ့မင်္ဂလာပွဲက ​သေချာ​ပေါက်​ဖြစ်​လာနိုင်​တယ်​'

'​မြူနှင်းစီးက ဒီတိုင်းငြိမ်​ခံ​နေပါ့မလား'

လျှန်းထက်​မိုက စိုးရိမ်​တကြီး​မေးလာတာကို ဟိန်းမာန်​မိုးက တစ်​ချက်​ရယ်​လိုက်​ကာ..။

'Hk! နားစမ်းပါကွာ သူဘာလုပ်​နိုင်​မှာမို့လို့လဲ သူ့ကို ​သေချာ​ပေါက်​နိုင်​ရမဲ့အကွက်​ရှိ​နေတာပဲကို'

ဟိန်းမာန်​မိုး ​သေချာ​ပေါက်​နိုင်​မယ်​ဆိုတာ သူတို့လဲသိ​နေ​ပေမဲ့လည်း...၊

တစ်​ဖက်​သူက.......။

ဟူး......​အဆင်​​ပြေပါ့မလားကွာ.....။

------------

'အ​ဖေနဲ့အ​မေ သား​ပြောစရာရှိတယ်​'

ဟိန်းမာန်​မိုးစကားလိုက်​​တော့ အလုပ်​ကိုယ်​စီလုပ်​​နေကြတဲ့
ဦးမာန်​ရှိန်​နဲ့​ဒေါ်​​ခတ္တာရာမိုး အလုပ်​​တွေကို ရပ်​ကာ ​ကြည့်​လာသည်​။

Deception of Destiny(ကံကြမ္မာ၏ပရိယာယ် )|OC|حيث تعيش القصص. اكتشف الآن