Sector_10

345 12 0
                                    

ဘုရားက​ပေးတဲ့အဖိုးတန်​ရတနာက သူတို့အတွက်​​တော့ ​ကောင်း​သောဆုလာဒ်​မဟုတ်​ခဲ့ပြန်​ဘူး~~~~~

__________

'​မာန်​​လေး​ရေ'

ဦးမာန်​ရှိန်​ အိမ်​​ရှေ့ကို​ရောက်​တာနဲ့ သူ့​မြေးဖြစ်​သူကို လှမ်း​ခေါ်လိုက်​သည်​။

'ဖိုးဖိုး ပြန်​လာပြီလား ​မော​နေပြီလား'

အိမ်​​ရှေ့ကိုထွက်​လာတဲ့​နေမဟာမာန်​​​ကြောင့်​ ဦးမာန်​ရှိန်​အ​မော​တွေ​ပြေကာ အပြုံး​တွေ​ဝေရ​လေသည်​။

သူပြန်လာချိန်တိုင်း ​​​အမြဲတမ်းဆိုသလို လာကြို​လေ့ရှိတဲ့မာန်​​လေးက အခုဆိုအသက်၆နှစ်​​တောင်​ပြည့်​ခဲ့ပြီ။

ပြောရရင်​ ဒီ၆နှစ်​လုံးသူ့လက်​​ပေါ်မှာပဲ ကြီးပျင်းခဲ့ရတာ​ပေါ့။

'ဟဲ့..! သွား အခန်းထဲသွား​​နေ'

မျက်​နှာခပ်​တည်​တည်​နဲ့​ပြောလိုက်​တဲ့သူက ​ဒေါ်ခတ္တာရာမိုး အဖွားဖြစ်​သူဆို​ပေမဲ့ ဘယ်​​တော့မှအ​ကောင်းမ​ပြောခဲ့ဘူး။

အမြင်​မကြည်​တာ​ကြောင့်​ ​ပြောရရင်​ မုန်း​နေလို့ဆိုပိုမှန်​လိမ့်​မည်​။

'ဟုတ်​ကဲ့ ဖွားဖွား'

နေမဟာမာန်​မျက်​နှာ​လေးငယ်​ကာ ​လှေကားက​နေ​ပြေးတက်​သွားသည်​။

'မင်းကလဲ ဘာလို့က​လေးကိုဆူတာလဲ ကိုယ့်​​မြေး​လေးပဲဟာ စိတ်​ကို​လျော့မှ​ပေါ့'

ဒေါ်ခတ္တာ​ရာ​ရှေ့ထိုင်​ခုံမှာဝင်​ထိုင်​ကာ လက်​ဆွဲအိတ်​ကိုစားပွဲ​ပေါ်တင်လိုက်​ပြီး​ပြော​တော့ ​​ဒေါ်ခတ္တာရာရဲ့မျက်​​စောင်းက သူ့​ပေါ်ကို ပုံကျလာသည်​။

သူ့ရဲ့တစ်​ဦးတည်း​သော​ချွေးမက Tomboyဖြစ်​​နေတာ​ကြောင့်​ သူအများကြီးထိခိုက်​ခဲ့ပြီးပြီ။

သူ့သားဘဝကိုဖျက်​ဆီးတဲ့ မြူနှင်းစီးကို​ရော သူ့က​လေးကိုပါ လုံးဝလက်​မခံနိုင်​..။

သူ့ရဲ့​သွေးသားတစ်​ဝက်​​ပါ​နေ​တာ​တောင်​​ပေါ့။

'​တော်​စမ်းပါ ကျွန်​မသူ့ကို နည်းနည်း​လေးမှ လက်​မခံနိုင်​ဘူး'

Deception of Destiny(ကံကြမ္မာ၏ပရိယာယ် )|OC|Où les histoires vivent. Découvrez maintenant