Part 3

1K 175 7
                                    


'ယနေ့ရာသီဥတု တိုင်းထွာချက်များအရ...
ဆိုးလ်မြို့နဲ့ အနီးအနားပတ်ဝန်းကျင်တဝိုက်မှာ အအေးပိုနိုင်ပါသည်။!!!'

အိမ်ရှေ့ Tvလေးက လာနေသည့် မိုးလေဝသ အစီအစဉ်အပီးမှာ Tvပိတ်လိုက်ပီး အိပ်ခန်းထဲသို့ တစ်ခေါက်ပြန်ဝင်ခဲ့သည်။

ဝတ်ထားပီးသား ဆွယ်တာ အပါးလေးကိုချွတ်လိုက်ကာ ပိုပီးထူသည့်အပြင် လည်ပင်းထိပိတ်နေသည့် အနက်ရောင်ဆွယ်တာ ထူထူတစ်ထည်ကို ပြောင်းဝတ်လိုက်သည်။

ဆွယ်တာပေါ်မှ မီးခိုးရောင် သက္ကလပ် အနွေးထည်ထူထူကို ထပ်ဝတ်လိုက်သည်။

ခုဏကထက်တော့ နွေးသွားသည်။
ဆောင်းရာသီကို နှစ်သက်ပေမယ့် အအေးဒဏ်တော့မခံနိုင်။

မနက်စာကို ကျောင်းရောက်မှ တစ်ခုခုဝယ်စားမည်ဟု စဉ်းစားထားပေမယ့် မနေ့ကမှဝယ်လာသည့် ခေါက်ဆွဲထုတ် နီနီရဲရဲအထုတ်တွေက ဆွဲဆောင်နေသည်။

Ommaသာ ရှိနေအုံးမည်ဆိုရင် မနက်စာကို ခေါက်ဆွဲတွေမစားရဘူးလေဟု ဆိုကာ ပွစိပွစိနဲ့ ရေရွတ်လေအုံးမည်။

မီးဖိုလေးကိုဖွင့်ကာ အိုးအသေးလေးတစ်လုံးကိုတင် ခေါက်ဆွဲထည့် အရသာမှုန့်တွေပါရောထည့် ရေထည့်ပီးတည်ထားလိုက်သည်။

မတ်ခွက်လေးယူကာ ဓာတ်ဗူးထဲက ရေနွေးကို ခွက်တစ်ဝက်လောက်ဖြည့်လိုက်ပီး coffee mix တစ်ထုတ်ကို ဖောက်ထည့်လိုက်သည်။

တကယ်ဆို coffee mix တွေကို သိပ်မကြိုက်။ဒါပေမယ့် အရမ်းအေးနေသည်မို့ ကော်ဖီတစ်ခွက်လောက်အရမ်းသောက်ချင်နေမိသည်မို့ ရှိတာပဲ ဖျော်သောက်လိုက်သည်။

အမှန်တကယ်တမ်းတမိသည်က Ommaဖျော်ပေးနေကျ နှပ်ကော်ဖီမွှေးမွှေးလေး။

မိဘတွေရှိစဉ်တည်းက အလိုလိုက်ခံလူတန်းစားမို့ တစ်ခါမှ အော်ငေါက်ဆူပူခံရခြင်းမရှိခဲ့ပေ။
ထို့ကြောင့် အခုထိလည်း တစ်ယောက်ယောက်က ကိုယ့်ကို လာအော်မည်ဆိုလည်း မကြိုက်။

ကိုယ်ကို လာ၍အော်ဟစ်ပြောဆိုသည်ကို အရမ်းမုန်းသည်။

ခေါက်ဆွဲနံ့လေးမွှေးလာပီမို့ မီးဖိုခလုတ်လေးပိတ်ကာ အဖုံးလေးဖွင့်ကြည့်လေတော့ စားရန်အသင့်အနေထား။

Guardian (Hiatus)Where stories live. Discover now