'Hey Friend!'အတန်းချိန်မစသေးသည်မို့ ဖုန်းလေးထုတ်ကာ အင်တာနက်သုံးနေတုန်း ပုခုံးပုတ်ရင်း နှုတ်ဆက်သံကြားသည်မို့ လှည့်ကြည့်တော့ Luhan.....
"အာ...Luhan?''
'မနေ့ကငါမလာတော့ တော်တော်မှပျင်းနေရဲ့လား?'
သူ့ဘေးဝင်ထိုင်ကာ ပုခုံးတိုက်ရင်း မေးလာသည့် Luhanကို ကြည့်ကာ ပြုံးမိသည်။
တကယ်လည်း Luhanကို လွမ်းသလိုတော့ရှိသား...'အဲ့ဒါမင်း ig acc လား?
ငါ Follow လိုက်မယ် မင်းလည်းပြန် Follow ပေး'ခြေမြန်လက်မြန်ရှိသော Luhan က အိတ်ထဲက ဖုန်းလေးထုတ်ကာ ချက်ချင်းအကောင်အထည်ဖော်လေသည်။
Luhan started following you.
Noti တက်လာသည်ကို လက်မလေးနဲ့အသာဖိကာ...
Luhan ဆိုတဲ့ acc လေးက Followလေးကို နှိပ်လိုက်သည်။
'Baekhyunee?
မင်းနာမည်က Baekhyunee?
ဟီး...ခုထိနာမည်မမေးရသေးဘူး'"အင်း.....Byun Baekhyun😊''
'အာ...ဒါပေမယ့် Baekhyuneeဆိုတာလေးကို ပိုသဘောကျတယ်...ငါလည်းအဲ့လိုခေါ်မယ်လေ...ရတယ်မလား?'
"အင်း''
Luhanရဲ့ ig acc လေးက Baekhyunထက်ပိုပီး စိုစိုပြေပြေရှိလေသည်။
သွားတဲ့နေရာတိုင်းကိုလည်း မှတ်တမ်းတင်သည် ထင်တယ်။
နောက်ပီး အလှပုံတွေ selcaတွေ ရှုခင်းတွေနဲ့ စုံနေသည်။
သူငယ်ချင်းတွေနဲ့လည်း အမှတ်တရပုံတွေ ရိုက်တတ်သည်ထင်သည်။ကြည့်နေရင်းက တစ်နေရာ အရောက်.....
အတန်းထဲက Roll 1 ရယ် သူ့နဲ့တွဲတဲ့တစ်ယောက်ရယ်
အလယ်မှာ Luhanက ရပ်နေပီး ....
ပို့စ် အတူတူပေးကာ ရယ်မောနေကြပုံက
ကိုယ့်ဆီတောင် အပျော်တွေကူးစက်စေသည်။'Good Morning!!'
နှုတ်ဆက်သံကျယ်ကျယ်နဲ့ ဆရာမဝင်လာပီမို့ ဖုန်းလေးအသာချကာ စာအုပ်ထုတ်လိုက်သည်။
နောက်ပီး.....
ဆောင်းထားသည့် ဦးထုတ်ကိုပါချွတ်ကာ ဆံပင်တွေ ကပ်နေမည်စိုး၍ ခေါင်းနှစ်ချက်လောက်ခါလိုက်သည်။ဘာရယ်မဟုတ် မျက်စိထောင့်စွန်းလေးကနေ
Roll 1တို့အုပ်စုကို လှမ်းမြင်လိုက်သေးသည်။