Lost 3

1.7K 174 12
                                    

ငါ.... Min Yoongi ...
ဘာ​ကြောင့်​ အတိတ်​​မေ့ခဲ့ရတာလဲ...
ဘာ​ကြောင့်​ ဘာမှ မမှတ်​မိနိုင်​ရတာလဲ...
လူတစ်​ချို့​ပြောကြတာ...ငါ့ရဲ့ချစ်​သူကိုပါ..ဆုံးရှုံးခဲ့သည်​တဲ့...
ငါ့ချစ်​သူက ဘယ်​လိုမျိုးလဲ က​လေးဆန်​ပြီး ချစ်​ဖို့​ကောင်းသလား...
ရင့်​ကျက်​တည်​ကြည်​ပြီး သည်းခံနားလည်​တတ်​သူလား...
သိချင်​မိတယ်​... မင်းကို အခုချိန်​မှာ မျက်​နှာ​တောင်​ မမှတ်​မိ​ပေမယ့်​ မင်းနဲ့ ပတ်​သတ်​တဲ့ အတိတ်​ကို ပြန်​သတိရချင်​မိတယ်​.... ငါမင်းနဲ့အတူ ​ပျော်​ခဲ့ဖူးမှာ ​သေချာသည်​။...
အနည်းဆုံး​တော့ မင်းကို ရှာမ​တွေ့​တော့ဘူးဆိုတာ ငါသိခဲ့ရတယ်​..
အတိတ်​က လူ​တွေနဲ့ အဆက်​အသွယ်​မလုပ်​ချင်​တာ​ကြောင့်​ သူတို့မရှိတဲ့ LA ကို ထွက်​လာခဲ့ခြင်းပင်​..

အ​တွေးလွန်​ကာ ကားကို အရှိန်​ပြင်း​မောင်း​နေရင်း လမ်းဖြတ်​​ကူးတဲ့လူကို မမြင်​မိ ဘရိတ်​ကို ဖိနင်းကာ ​ရှောင်​လိုက်​​တော့.. လမ်း​ဘေးကို ​ခေါင်းထို့ရပ်​သွားတဲ့ ကျ​နော့ရဲ့ကား...

ရုတ်​တရက်​ကြီး အရင်​က ဖြစ်​ဖူးသလို ခံစားချက်​နဲ့အတူ မျက်​စိစုံမှိတ်​ထားလိုက်​​တော့...နားထဲမှာ ​ကောင်​​လေးတစ်​​ယောက်​ရဲ့ အသံတစ်​ချို့... ကျ​နော့ကို ​ခေါင်းငုံ့​နေဖို့ သတိ​ပေး​နေသလို...အရာရာဟာ မှုန်​ဝါး​ပေမယ့်​ တကယ်​ဖြစ်​​နေသလို...

'​ဒေါက်​...​ဒေါက်​..´

'ခင်​များအဆင်​​ပြေရဲ့လား...´

ကားမှန်​တံခါး​ခေါက်​သံနဲ့အတူ ကြားရတဲ့​ကောင်​​လေးရဲ့အသံက ခပ်​ဆင်​ဆင်​....ဒါမှမဟုတ်​ သူပဲလား ထင်​ရ​အောင်​ အသံတို့က ရင်းနှီး​နေသည်​။

ကားမှန်​တံခါးဖွင့်​လိုက်​​တော့...

Jk- အဆင်​​ပြေရဲ့လား ကျ​နော်​လည်း ကားလာတာ မမြင်​လိုက်​လို့ပါ...

သူ့ကိုသာ စိုက်​ကြည့်​​နေမိတဲ့ ကျ​နော်​ သူ့အတွက်​ ထူးဆန်း​နေ​လေမလား မသိ​ပေမယ့်​ ကျ​နေယ်​ဆက်​ကြည့်​​နေခဲ့မိသည်​။

Jk- ခင်​များ အဆင်​​ပြေတယ်​ဆို ကျ​နော်​သွားလိုက်​ပါဦးမယ်​...

Lost Last Love(completed)Where stories live. Discover now