Lost 6

1.3K 139 11
                                    

ကိုရီးယား ကို လိုက်​လာခဲ့​ပေမယ့်​ တစ်​​ယောက်​​သော သူကို မရှာ​ဖွေခဲ့..
သူစိမ်းတစ်​​ယောက်​ကို ရုက်​ချင်းတူရုံနဲ့ ကိုယ့်​ချစ်​သူလို့ မသတ်​မှတ်​နိုင်​..သူ့ကို ကိုယ့်​မှတ်​ညဏ်​အတွက်​ အသုံးမချချင်​..
ကိုယ်​ဘယ်​​လောက်​ချစ်​ခဲ့လည်း​တော့ ကိုယ်​မသိ​ပေမယ့်​ သူ့ကို မြင်​တိုင်း ဝဲဘက်​ရင်​အုံက ထိုး​အောင့်​ဆဲ .. ဪ...ချစ်​သူရယ်​ မင်းကိုယ့်​ကို မြင်​နိုင်​ရဲ့လား..ဟိုးအ​ဝေးတစ်​​နေရာမှာ ကိုယ့်​ကိုကြည့်​ရင်း မင်းကို မမှတ်​မိနိုင်​တဲ့ကိုယ့်​ကို နာကျည်း​လေမလား...

ဘယ်​လို​ကြောင့်​လဲ​တော့မသိ​ပေမယ့်​ ကိုယ်​ဘယ်​သူလည်း​တောင်​ မမှတ်​မိတဲ့ ကျ​နော်​ဟာ piano​ပေါ် လက်​တင်​လိုက်​တာနဲ့ ရင်းနှီး​နေတဲ့ သီချင်းတစ်​ပုဒ်​ကို တီးခတ်​ဆဲ.. သံစဉ်​မှတ်​မိ​ပေမယ့်​ သီချင်းစသား အစ​ဖော်​မရ... ဒီတစ်​ပုဒ်​ဟကိုပဲ နှစ်​ခြိုက်​စွာတီး​နေခဲ့မိသည်​။

Ring...Ring..Ring

Name မမှတ်​ထား​သော contact တစ်​ခု..

Yoongi- hello

Jk- hyung တကယ်​ပဲ ကျ​နော့ကိုလာမရှာဘူး​နော်​...ကျ​နော်​က ​စောင့်​​နေခဲ့တာ...ပြီး​တော့ အရမ်းလွမ်း​နေရတာ...

Yoongi- jungkookလား

Jk- hyungကိုအရမ်း​တွေ့ချင်​​နေတယ်​...

Yoongi- မင်း အခုဘယ်​မှာလဲ

Jk- ကျ​နော်​တို့ အရင်​က ​တွေ့ဖူးတဲ့ Cafe မှာ

Yoongi- ငါလာခဲ့မယ်​ ခဏ​စောင့်

ကျ​နော်​သူနဲ့ပတ်​သတ်​ရင်​ စိတ်​မ​ဖြေနိုင်​ပါ..
ကိုယ်​တိုင်​လည်း သူ့​ကို အရမ်းလွမ်း​နေတာမို့ အ​ပြေးတစ်​ပိုင်းထွက်​ခဲ့ရသည်​။

ဆိုင်​ထဲကို ​ရောက်​​တော့ ရှာ​နေခဲ့မိသည်​....
Jungkookမင်း ဘယ်​မှာလဲ..

Jk- Hyung

အ​နောက်​ကလာတဲ့ အသံတစ်​ခုနဲ့အတူ ကျ​​နော့ကိုယ်​တစ်​ခုလုံး ​ထွေး​ပွေ့ခံလိုက်​ရသည်​။ ကိုသင်းနံ့တစ်​ခုမှာ ရင်းနှီး​နေ​ပေမယ့်​ အမှတ်​တမဲ့ဖြစ်​ခဲ့ရသည်​။

Lost Last Love(completed)Where stories live. Discover now