Last 2

1.2K 138 18
                                    

Hyung...သိပ်​ချစ်​တာပဲလား kookieဆိုတဲ့လူသားကို..
သူနဲ့ကိုယ်​ဟာ တစ်​​ယောက်​တည်း ဖြစ်​​နေခဲ့ရင်​​တောင်​ hyungအချစ်​ကို အပိုင်​ရထားတဲ့ Kookieကို အရမ်းမုန်းတယ်​..

ဘာလို့ ကျ​နော်​မဖြစ်​နိုင်​ရတာလဲ...
ဘာလို့ ကိုယ့်​ကို​ယ်​ကို​တောင်​ မမှတ်​မိနိုင်​ရတာလဲ..
အတိတ်​က ကျ​နော့ကို ​မေ့ပြီး လက်​ရှိကျ​နော့ကို ချစ်​ခွင့်​မ​​ပေးနိုင်​ဘူးလား...

အခန်းငယ်​တစ်​ခုရဲ့ ကုတင်​​ထောင့်​စွန်းမှာ ထိုင်​​နေမိသလို မျက်​ရည်​များကလည်း အထိန်းအကွပ်​မဲ့ ...

Hyungကို ကျ​နော်​အရမ်းလွမ်းတယ်​...
မ​နေတတ်​​လောက်​​အောင်​ပဲ..
ဒါ​ကြောင့်​ပဲ Jiminက hyungကို အသက်​​ပေး​ရ​လောက်​သည်​အထိ ချစ်​သွားခဲ့တာကိုး..

ဖုန်းကို ခဏခဏ ကိုင်​မိ​ပေမယ့်​ မဆက်​ဖြစ်​တဲ့ နံပါတ်​​လေးက​တော့ မျက်​စိ​ရှေ့မှာထင်​ထင်​ရှားရှား နှိပ်​မလို့ ရွယ်​လိုက်​ပြီးမှ သိစိတ်​တို့က တားဆီးပြန်​သည်​။

Ring....

မထင်​မှတ်​ထားခဲ့​သော ဖုန်းနံပါတ်​ တစ်​ခု
Yoongi hyung
ကြောင်​အအ နဲ့ထိုင်​ကြည့်​​နေခဲ့ပြီးမှ ​မျှော်​လင့်​လျက်​ရှိ​သော သူ့အသံ​လေးကြားလိုတာ​ကြောင့်​..

Jk- hello hyung

Hobi- hello jeon jungkook...

တစ်​လုံးချင်းထွက်​​ပေါ်လာတဲ့..ဆရာ့ရဲ့ အသံ​တွေက နားထဲကို​ရောက်​လာသည်​။

Jk- ဟင်​...ဆရာ..ဘာလို့ hyungရဲ့ဖုန်းကို....

တီ............
ပြတ်​ကျသွားတဲ့ ဖုန်းလိုင်း​နောက်​မှာ ထိတ်​လန့်​မှု​တွေက ငယ်​ထိပ်​ထိတက်​လာခဲ့ပြီ...Yoongi hyung...

ဆရာက ဘာလို့ yoongi hyungရဲ့ဖုန်းကိုကိုင်​တာလဲ....

မဟုတ်​မှလွဲ​ရော.....

ဖြစ်​နိုင်​​ချေရှိတဲ့ အ​တွေး​တွေအများကြီးဝင်​​ရောက်​လာ​တော့ အမည်း​ရောင်​ ဂျာကင်​ကို ယူကာ ​ပြေးထွက်​လာခဲ့မိသည်​။

ကျေးဇူးပြုပြီး hyungကို ဘာမှ မလုပ်​ပါနဲ့ ...
သူ့အစား ​သေရင်​​တောင်​ ကျ​နော်​ပဲ ခံမယ်​ hyungကို​တော့ မထိပါနဲ့...

Lost Last Love(completed)Donde viven las historias. Descúbrelo ahora