Last 6

1.3K 120 8
                                    

ခြံထဲမှာ​စောင့်​​နေတဲ့သူမရှိတာမို့.. အိမ်​ပြတင်း​ပေါက်​က​နေ ​ကျော်​ဝင်​ရန်​လုပ်​ပြီးမှ လူ၂​ယောက်​ဖြတ်​သွားတာ ​တွေ့​တော့ Tae လက်​ကို ဆွဲချလိုက်​ရသည်​။

Tae- Jungkook မင်းအ​နောက်​​ပေါက်​က ဝင်​လိုက်​.. ပြီး​တော့ Yoongi Hyung ကို ကယ်​ထုတ်​ခဲ့.. ဟုတ်​ပြီလား..

Jk- hyungက​ရော..

Tae- ငါအ​ခြေအ​နေ ကြည့်​ပြီး လိုက်​ခဲ့မယ်​ ၂​ယောက်​အတူတူ သွားရင်​ မိသွားလိမ့်​မယ်

Jk- nae hyung ကျ​နော်​ သွားပြီ​နော်​...ဂရုစိုက်​ဦး..ဟိုလူက ညဏ်​များတယ်​..

Tae- ငါ့အတွက်​မပူပါနဲ့ မင်းသာ hyungကို ပြန်​​ခေါ်လာခဲ့..

Jk- nae

ဆက်​ပြီး စကား ​ပြောမ​နေ​တော့ ပဲ အိမ်​အ​နောက်​ဘက်​ကို ပတ်​​ပြေးခဲ့ရသည်​။.. ကံ​ကောင်းသည်​က လက်​တစ်​ပြန်​စာ​လောက်​ မှာ ပြတင်း​ပေါက်​ တစ်​ခု နံရံ​ထောင့်​ကို ကန်​ပြီး ​ဘောင်​ကို လှမ်းဆွဲကာ ​ဖြေး​ဖြေးချင်းတက်​လာ​တော့ လူရှင်း​နေသည်​။ ခက်​သည်​က hyungအခန်းကို မသိ.. လမ်းမသိပဲ ​လျှောက်​ရမှာ ​တော့ မလွယ်​ Tae hyung ကံ​ကောင်းဖို့ ​မျှော်​လင့်​ ရတာပဲ တစ်​​ယောက်​တည်းထက်​စာရင်​ ၂​ယောက်​က ပို​ကောင်းတာမို့ ​ခေါ်လာခဲ့ပြီးမှ အားနာ​နေရသည်​။

ပုန်းလိုက်​ဝှက်​လိုက်​ဖြင့်​ ​ဖြေး​ဖြေးချင်း ​လျှောက်​​နေရင်းက လူတစ်​​ယောက်​နဲ့ ပက်​ပင်းတိုး​တော့ သူ့ကို ဓားနဲ့​ထောက်​ကာ လက်​​နောက်​ပြန်​ချုပ်​၍..​လေသံဖြင့်

Jk- Min yoongi အခန်းဘယ်​မှာလဲ ပြ​ပေးစမ်း..

သေမည်​​ကြောက်​​သောသူက ​ခေါင်​ညိတ်​ကာ
လမ်းညွှန်​ရာ​နောက်​ လိုက်​ခဲ့သည်​ အခန်း​ရှေ့​ရောက်​​တော့..

'ဒီအခန်းပဲ´

Jk- ​ကျေးဇူးပဲ ဒါ​ပေမယ့်​ ခဏ​လောက်​​တော့ အိပ်​လိုက်​ဦး..

ဂုတ်​ပိုးကို ရိုက်​ချလိုက်​​တော့ ​ခွေကျ​သွားတဲ့လူ..

အခန်းတံခါးကို အသာ​ခေါက်​​တော့ အသံမကြားရ..

Lost Last Love(completed)Tempat cerita menjadi hidup. Temukan sekarang