Ep 5

2.2K 130 17
                                    

# ချစ်​မရတဲ့ သူတစ်​​ယောက်​ကို ဟန်​​ဆောင်​လိမ်​ညာပြီးချစ်​ကြည့်​တယ်​.....

ကြိတ်​မှိတ်​၍ ချစ်​ကြည့်​တယ်​....

လိမ်​ညာပြီးနှစ်​သိမ့်​​ပေးခဲ့တယ်​....

ဒါ​ပေမယ့်​ ချစ်​မရနိုင်​ခဲ့ဘူး....

ဟင့်​အင်း သူနဲ့ကျွန်​​တော်​ရဲ့အစပျိုးခြင်းမှာကိုကလွဲမှား​နေခဲ့သည်​.....

အစ တွင်​လှပ​သေသပ်​မှသာ အဆုံးတွင်​လည်းလှပ​နေသည့်​ အနာဂတ်​ တစ်​ခု​ပေါ်ထွန်း​ပေမည်

အစ တွင်​ မှားယွင်းစွာပြုလုပ်​မိသည့်​ ကစားပွဲတစ်​ခုသည်​ အဆုံးသပ်​တွင်​နှစ်​ဦးနှစ်​ဖက်​နာကြင်​ခြင်းကိုသာ ခံယူရ​ပေမည်

ကျွန်​​တော်​ရဲ့ အတ္တတစ်​ခုအတွက်​နှင့်​ အရာရာကိုသိပါရက်​နှင့်​မသိ​ကျေးကျွန်​ပြုကာ...

မျက်​စိစုံမှိတ်​၍ အစွန်းဆုံထိကျွန်​​တော်​အား ချစ်​​ပေး​နေသည့်​ထိုက​လေးအား......

မည်​သို့ ရက်​စက်​နိုင်​လိမ့်​ပါ့မလည်း....

ဒါ ကျွန်​​တော်​ကို ချစ်​​ပေးတဲ့သူတစ်​​ယောက်​အတွက်​ အားနာခြင်းသပ်​သပ်​ပဲတဲ့လား...?

အားနာခြင်းသာဖြစ်​မှာပါ​လေ....ကျွန်​​တော်​မှသူ့ကိုတကယ်​မချစ်​ခဲ့တာ...? #

®®®®®®®®®®©©©©©©©©©©

ဟက်

အခုအချိန်​ထိကိုကို ပြန်​​ရောက်​မလာ​သေးဘူးပဲ ဟုတ်​တာ​ပေါ့ မိန်းက​လေးတစ်​​ယောက်​နဲ့အတူရှိ​နေတဲ့​ယောကျာ်းတစ်​​ယောက်​က အခွင့်​အ​ရေး ကိုလက်​လွှတ်​ခံပြီး မနစ်​မြို့တဲ့ကျွန်​​တော်​ဆီကို ဘာ​အ​ကြောင်းပြချက်​နဲ့ပြန်​လာမှာတဲ့လည်း...

ကျွန်​​တော်​ကသာ အရှက်​မရှိ လိုရာ​တွေ​ဆွဲ​တွေးကာ ပြန်​လာ​စေချင်​တဲ့စိတ်​ နဲ့အရူးတစ်​​ယောက်​လို မနက်​၆နာရီထိုးသည့်​အထိ ကုတင်​​ဘေးတွင်​ငူတူတူထိုင်​ကာ​စောင့်​​နေမိခြင်း...

ပြန်​​တွေးကြည့်​​လေ အရှက်​မရှိ​လေ

သိက္ခာဆိုတာဘာလည်းဟုပင်​ပြန်​​မေးရ​တော့မည်​....

SWEET LISE (Complete)Donde viven las historias. Descúbrelo ahora